ရှီကျင့်ဖိန်သည် သြစတြေးလျ၏ ဘုရင်ခံချုပ်အသစ် Mostynသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2024-07-01 16:22:17  

ဇူလိုင်လ ၁ ရက်နေ့တွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် သြစတြေးလျ၏ ဘုရင်ခံချုပ်အသစ် Samantha Mostyn အား ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

သဝဏ်လွှာတွင် ရှီကျင့်ဖိန်က တရုတ်-သြစတြေးလျတို့သည် အချင်းချင်း၏ အရေးပါသော ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဖြစ်ပြီး အာရှ-ပစိဖိတ်ဒေသ၏ အရေးပါသော အဖွဲ့ဝင်များနှင့် ကမ္ဘာ့ multi-polarizationဖြစ်စဉ်တွင် အရေးကြီးသော အင်အားများဖြစ်ကြောင်း၊ ပုံမှန်တည်ငြိမ်စွာဖွံ့ဖြိုးသော တရုတ်-သြစတြေးလျ ဆက်ဆံရေးသည် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများ၏ အရင်းခံ ရေရှည်အကျိုးစီးပွားများနှင့် ကိုက်ညီကာ ဒေသတွင်းနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးအတွက် အကျိုးရှိပါကြောင်း၊ သြစတြေးလျနှင့်အတူ ပိုမိုရင့်ကျက်တည်ငြိမ်ပြီး ပိုမို အောင်မြင်မှုရရှိသော တရုတ်-သြစတြေးလျ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးထူထောင်ခြင်းကိုတွန်းအားပေးလိုကြောင်း ဖော်ပြ ခဲ့သည်။