ကာဇာတ်စတန်တွင် CMG၏ အစီအစဉ်ကောင်းများ ထုတ်လွှင့်ပြသခြင်းကို စတင်

(GMT+08:00)2024-07-01 16:10:48  

    တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်က ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင် နိုင်ငံများ ထိပ်သီး ကောင်စီ ၂၄ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်ပြီး ဖိတ်ကြားချက် အရ ကာဇာတ်စတန် နိုင်ငံသို့ တရားဝင် ခရီးလှည့်လည် တော့မည့် အခါသမယတွင် China Media Groupနှင့် ကာဇာတ်စတန် သမ္မတ အသံလွှင့်နှင့် ရုပ်သံ ဌာန လက်အောက်ရှိ ပိုးလမ်းမ ရုပ်သံဌာန၊ အာတာမေကင် ရုပ်သံဌာနတို့ ပူးတွဲ ကျင်းပကြသည့် CMG၏ အစီအစဉ်ကောင်း များ ကာဇတ်စတန်တွင် ထုတ်လွှင့်ပြသခြင်းလှုပ်ရှားမှုကို ဒေသ စံတော်ချိန် ဇွန်လ ၃၀ရက်နေ့ က Astanaတွင် စတင်ခဲ့ပါသည်။ “ရှီကျင့်ဖိန်နှင့် ဆုံတွေ့ခြင်း”စသည့် CMG၏ အစီအစဉ် ကောင်း ၁၀ခုကျော်ကို ကာဇာတ်စတန် အဓိက မီဒီယာများတွင် ရှေ့ဆင့်နောက်ဆင့် ထုတ်လွှင့်မည် ဖြစ်ကြောင်း သတင်းအရ သိရပါသည်။