အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားက ပြစ်တင်ရှုတ်ချ

(GMT+08:00)2024-06-30 13:02:07  

မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန နိုင်ငံခြားရေး မူဝါဒရုံးမှ သတင်းပြန်တမ်းထုတ်ပြန်ရာတွင် အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့ ဇွန်လ ၂၇ရက်နေ့မှ ၂၉ရက်နေ့အထိ ကျင်းပသည့် "Freedom Edge" ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ပြစ်တင်ရှုတ်ချကြောင်း ဖော်ပြခဲ့သည်ဟု China Media Group မှ သတင်းထောက်က ဇွန်လ ၃၀ရက်နေ့တွင် သတင်းရရှိပါသည်။

မြောက်ကိုရီးယားသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ကာကွယ်ရန် အစီအမံများကို လုပ်ဆောင်မည်ဖြစ်ကြောင်း သတင်းပြန်တမ်းတွင် ဖော်ပြထားသည်။