"ချိုရှိ" မဂ္ဂဇင်းတွင် ရှီကျင့်ဖိန်၏ "ခေတ်သစ် ခရီးစဉ်သစ်တွင် တရုတ်ကွန်မြူနစ်ပါတီ၏ တာဝန်ဝတ္တရား" ဆောင်းပါးကို ဖော်ပြမည်

(GMT+08:00)2024-06-30 16:14:20  

   ဇူလိုင်လ ၁ ရက်နေ့ထုတ် "ချိုရှိ" မဂ္ဂဇင်းတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့က ကျင်းပခဲ့သော တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ အစီရင်ခံစာ၏ အစိတ်အပိုင်း - "ခေတ်သစ် ခရီးစဉ်သစ်တွင် တရုတ်ကွန်မြူနစ်ပါတီ၏ တာဝန်ဝတ္တရား" ကို ဆောင်းပါး ထုတ်ပြန်မည် ဖြစ်ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

  ယင်းဆောင်းပါးတွင် ယခုမှစပြီး တရုတ်ကွန်မြူနစ်ပါတီ၏ အဓိက တာဝန်သည် တစ်ပြည်လုံး တိုင်းရင်းသားပေါင်းစုံမှ ပြည်သူများကို ဦးဆောင်ကာ အင်အားတောင့်တင်းသော ဆိုရှယ်လစ် ခေတ်မီနိုင်ငံ ဖြစ်လာအောင် တည်ဆောက်ပြီး ဒုတိယ နှစ်တစ်ရာ ကြိုးပမ်းဆောင်ရွက်ရေး ရည်မှန်းချက်ကို ဖော်ဆောင်ရန်နှင့် တရုတ် အသွင်ပုံစံ ခေတ်မီရေးဖြင့် တရုတ်အမျိုးသား၏ မွန်မြတ်သော ရှင်သန်ရေးကို ဘက်စုံ တွန်းအားပေးရန် ဖြစ်ကြောင်း၊ အင်အားတောင့်တင်းသော ဆိုရှယ်လစ် ခေတ်မီရေးနိုင်ငံ ဖြစ်လာအောင် တည်ဆောက်ရေးကို ခြေလှမ်း နှစ်လှမ်းခွဲပြီး ချီတက်မည် ဖြစ်ကာ ယင်းသည် ၂၀၂၀ ပြည့်နှစ်မှ ၂၀၃၅ ခုနှစ်အထိ ဆိုရှယ်လစ် ခေတ်မီရေးကို အခြေခံအားဖြင့် ဖော်ဆောင်ရန်နှင့် ၂၀၃၅ ခုနှစ်မှ ယခုရာစုနှစ် အလယ်ပိုင်းအထိ တရုတ်နိုင်ငံကို ချမ်းသာပြီး ဒီမိုကရေစီ ကျသော၊ ယဉ်ကျေးပြီး သင့်မြတ် သာယာသော အင်အားတောင့်တင်းသည့် ဆိုရှယ်လစ် ခေတ်မီနိုင်ငံ ဖြစ်လာအောင် တည်ဆောက်ရန်တို့ ဖြစ်ကြောင်း ဖော်ပြထားပါသည်။