တရုတ်နိုင်ငံသည် ChinaSat 3A ဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်

(GMT+08:00)2024-06-30 12:59:58  

ဘေကျင်းစံတော်ချိန် ဇွန်လ ၂၉ ရက်နေ့ ညနေ ၇ နာရီ ၅၇ မိနစ်တွင် တရုတ်နိုင်ငံသည် ဝင်ချမ်းဂြိုဟ်တုလွှတ်တင်ရေးစခန်းတွင် Long March-7 သယ်ဆောင် ဒုံးပျံကို အသုံးပြုပြီး ChinaSat 3A ဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါသည်။ ဤဂြိုလ်တုသည် သုံးစွဲသူများအား အသံ၊ ဒေတာ၊ ရေဒီယိုနှင့် ရုပ်မြင်သံကြား ထုတ်လွှင့်ခြင်းဆိုင်ရာ ဝန်ဆောင်မှုများကို ပေးစွမ်းနိုင်သော ဆက်သွယ်ရေးနှင့် ထုတ်လွှင့်ရေး ဂြိုလ်တုတစ်ခုဖြစ်သည်။