စန်းကျန့်-ကျုံးစန်းလမ်းကြောင်း တရားဝင်ဖွင့်လှစ်

(GMT+08:00)2024-06-30 13:28:28  

ဇွန်လ ၃၀ ရက်နေ့တွင် စန်းကျန့်-ကျုံးစန်းလမ်းကြောင်း တရားဝင် ဖွင့်လှစ်ပြီး စမ်းသပ်လည်ပတ်မှုလည်း စတင်လာသည်။ စန်းကျန့်-ကျုံးစန်းလမ်းကြောင်းသည် ကွမ်တုန်း-ဟောင်ကောင်-မကာအို ဒေသကြီး၏ လမ်းပန်းဆက်သွယ်ရေး အချက်အချာဖြစ်ပြီး စုစုပေါင်းအရှည် ၂၄ ကီလိုမီတာရှိကာ “တံတား၊ ကျွန်း၊ ဥမင်လိုဏ်ခေါင်း၊ ရေအောက် အပြန်အလှန်ချိတ်ဆက်မှု” တို့ကို ပေါင်းစပ်ထားသဖြင့် လက်ရှိကမ္ဘာပေါ်တွင် တည်ဆောက်ရန် အခက်ခဲဆုံး ပင်လယ်ကူး အထွေထွေ စီမံကိန်းကြီးဖြစ်ပြီး ဤစီမံကိန်းကြီးသည် “ကမ္ဘာ့ နံပါတ်တစ်” ဆိုသည့် မှတ်တမ်းသစ်များကို ဖန်တီးပေးခဲ့သည်။ ဤလမ်းကြောင်း ဖွင့်လှစ်ပြီးနောက်ပိုင်း နေ့စဉ် ပင်လယ်ဖြတ်ကျော် သော ကားအစီးရေ ၁ သိန်းခန့် ရှိမည်ဟု ခန်မှန်းထားပြီး ကျုံးစန်းမှ စန်းကျန့်သို့ ခရီးကို နှစ်နာရီမှ နာရီဝက်အထိ လျှော့ချကာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ထိထိရောက်ရောက် တွန်းအားပေးနိုင်မည်ဟု သတင်းအရ သိရပါသည်။