စန်းကျန့်- ကျုံးစန်း လမ်းကြောင်း ဖွင့်လှစ်ခြင်းအတွက် ရှီကျင့်ဖိန် ပေးပို့သော ထောမနာပြုလွှာ

(GMT+08:00)2024-06-30 15:49:08  

  တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် စန်းကျန့်- ကျုံးစန်း လမ်းကြောင်း ဖွင့်လှစ်ခြင်းအတွက် ထောမနာပြုလွှာ ပေးပို့ခဲ့သည်။

  ယင်းထောမနာပြုလွှာတွင် စန်းကျန့်- ကျုံးစန်း လမ်းကြောင်းသည် ဟောင်ကောင်- ကျူးဟိုင်-မကာအို တံတားကြီး ပြီးလျှင် ကွမ်တုန်း-ဟောင်ကောင်-မကာအို ဒေသကြီး၌ တည်ဆောက်ပြီးစီးခဲ့သည့် စူပါ အကြီးစား လမ်းပန်းဆက်သွယ်ရေး စီမံကိန်း နောက်တစ်ခု ဖြစ်ကာ ကမ္ဘာ့အဆင့် နည်းပညာဆိုင်ရာ အခက်အခဲများကို ကျော်လွှားနိုင်ခဲ့ပြီး ကမ္ဘာ့ စံချိန်များကိုလည်း ဖန်တီးနိုင်ခဲ့ကြောင်း၊ စီမံကိန်းတွင် ပါဝင်ဆောင်ရွက်သူ အားလုံးသည် ဇွဲသတ္တိရှိရှိဖြင့် ကြိုးပမ်းအားထုတ်ပြီး အရည်အသွေးမြင့်မားစွာဖြင့် စီမံကိန်းလုပ်ငန်းများကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ယင်းသည် တရုတ်အသွင်ပုံစံ ခေတ်မီရေး၏ ကြိုးပမ်းဆောင်ရွက်မှုများဖြင့် ဖော်ဆောင်ခြင်း ဖြစ်ပြီး ကြီးမြတ်သောလုပ်ငန်းကို လက်တွေ့ကျကျ ဆောင်ရွက်မှုဖြင့်သာ အောင်မြင်နိုင်ခြင်း ဖြစ်သည်ဟု ပြသပါကြောင်း ဖော်ပြထားပါသည်။