တရုတ်နှင့် အမေရိကန် လူငယ် ၅၀၀ ကျော်သည် ကူလင် ရှုခင်းသာနေရာ၌ စုစည်းကြပြီး ဘုံရည်မှန်းချက်ဆန္ဒတစ်ခုကို တင်ပြခဲ့

(GMT+08:00)2024-06-30 12:59:28  

   ၂၀၂၄ ခုနှစ် "ကူလင် ရေစက် " တရုတ်နှင့် အမေရိကန် လူငယ်များ ကူးလူးဖလှယ်ရေး ရက်သတ္တပတ်ကို ဇွန်လ ၂၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ တရုတ်နိုင်ငံ ဖူကျိုးမြို့ ကူလင် ရှုခင်းသာနေရာ၌ ပြုလုပ်ခဲ့ပါသည်။ ယင်းသည် တရုတ်နှင့် အမေရိကန်တို့ သံတမန် ဆက်ဆံရေး ထားရှိခဲ့သည့် နောက်ပိုင်း အတိုင်းအတာ အကြီးဆုံး၊ အစီအစဉ် များပြားစုံလင်ဆုံးသော လူငယ်ချင်း ကူးလူးဖလှယ်ရေး လှုပ်ရှားမှု တစ်ရပ် ဖြစ်ပါသည်။ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နှင့် အမေရိကန် လူငယ်များ ကူးလူးဖလှယ်ရေး ရက်သတ္တပတ် ထံသို့ ထောမနာပြုလွှာကို ပေးပို့ပြီး နှစ်နိုင်ငံ လူငယ်များ အနေနှင့် တရုတ်နှင့် အမေရိကန် ချစ်ကြည်ရေးကို လက်ဆင့်ကမ်းသွားရန်၊ နှစ်နိုင်ငံ ဆက်ဆံမှု တည်ငြိမ်ကောင်းမွန်စွာ တိုးတက်ရေးအတွက် အကျိုးပြုသွားရန် အားပေး ဖော်ပြခဲ့ပါသည်။

   လွန်ခဲ့သည့်ရက်များအတွင်း တရုတ်နှင့် အမေရိကန် လူငယ် ၅၀၀ ကျော်တို့သည် ချစ်ကြည်ရေးသစ်ပင်စိုက်ခြင်း၊ စားပွဲဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ခြင်း၊ ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများ ပြသခြင်း၊ အနုပညာ ဖျော်ဖြေပွဲများ ပြုလုပ်ခြင်း အပါအဝင် ကူးလူးဖလှယ်ရေး လှုပ်ရှားမှုပေါင်း ၅၀ ခန့် ပြုလုပ်ခဲ့ကြပါသည်။

  ဇွန်လ ၂၈ ရက်နေ့တွင် လူငယ်များသည် ကူလင် ကမ်းလှမ်းချက်ကို ထုတ်ပြန်ပြီး နှစ်နိုင်ငံမှ လူငယ်များသည် လွန်ခဲ့သည့် ၄၅ နှစ်အတွင်း တရုတ်နှင့် အမေရိကန် ဆက်ဆံမှု တိုးတက်ခြင်းကို မျက်မြင်ကိုယ်တွေ့ခံစားရသူနှင့် အကျိုးခံစားရသူများ ဖြစ်ပြီး လာမည့် ၄၅ နှစ်အတွင်း နှစ်နိုင်ငံ ဆက်ဆံမှု တည်ငြိမ်ကောင်းမွန်စွာ တိုးတက်ရေးကို ထိန်းသိမ်းသူနှင့် တွန်းအားပေးသူလည်း ဖြစ်သင့်ကြောင်း ဖော်ပြခဲ့ပါသည်။