ခေတ်ကာလ၏မေးခွန်းများကိုရင်ဆိုင်သည့်အခါ သမ္မတ ရှီကျင့်ဖိန် က အဖြေပေး

(GMT+08:00)2024-06-30 13:01:42  

ဇွန်လ ၂၈ ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်ကို ထွန်းကားစေ၍ လူသားကံကြမ္မာတူ အသိုက်အဝန်း လက်တွဲတည်ဆောက်ခြင်း ခေါင်းစဉ်ဖြင့် မိန့်ခွန်း ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံရှိ အာရပ်နိုင်ငံများအဖွဲ့ချုပ် ကိုယ်စားလှယ်ရုံး၏ ဒါရိုက်တာ အာမက် မူစတာဖာက သမ္မတ ရှီ၏ မိန့်ခွန်းသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်ကို အထိမ်းအမှတ်ပြုရုံသာမက လူသားကံကြမ္မာတူအသိုက်အဝန်းတည်ဆောက်ရန် ကမ္ဘာအတွက် အသေးစိတ်မြေပုံကိုလည်း ရေးဆွဲခဲ့သည်။

ဟားဗတ်တက္ကသိုလ် ပါမောက္ခ ဂရေဟမ်အယ်လီဆင်က ယနေ့ခေတ်နိုင်ငံတကာလူ့အဖွဲ့အစည်းတွင် ပူးပေါင်းဆောင်ရွက်မှုနှင့် ပြိုင်ဆိုင်မှုများသည် အတူတကွတည်ရှိနေကြောင်း၊ တရုတ်အတွေးအခေါ်တွင် ကြွယ်ဝသော ဉာဏ်ပညာများ ပါဝင်ပြီး သဘောကွဲလွဲမှုကို ဖယ်ရှားပြီး သဘောတူညီမှုကို ရှာကြံခြင်းကို အလေးပေးပြီး ပြေပြစ်သင့်မြတ်စွာ နေထိုင်ရေးကို အလေးပေးကြောင်း၊ လူသားကံကြမ္မာတူအသိုက်အဝန်း တည်ဆောက်ခြင်းသည် ကျွန်ုပ်တို့၏ ဘုံလိုက်စားမှုကို ထင်ဟပ်စေကြောင်း ပြောကြားပါသည်။