ဖမ်းဆီးခံရသူ လဲလှယ်ရေး အစီအစဉ်ဖြင့် လူပေါင်း ၃၃၁၀ သည် ယူကရိန်းသို့ ပြန်လာခဲ့ပြီဖြစ်ကြောင်း ယူကရိန်းသမ္မတ ဆို

(GMT+08:00)2024-06-30 13:02:37  

ဇွန်လ ၂၉ ရက်နေ့တွင် ယူကရိန်းသမ္မတ ဇီလန်စကီးက ၎င်း၏နေ့စဉ်ဗီဒီယိုမိန့်ခွန်းတွင် ၂၀၂၂ ခုနှစ်  ဖေဖော်ဝါရီလမှစတင်၍ ယူကရိန်းနိုင်ငံသား ၃၃၁၀သည်  ဖမ်းဆီးခံရသူလဲလှယ်ရေးအစီအစဉ်ဖြင့် ရုရှားမှ ယူကရိန်းသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ပြီး ယင်းလုပ်ငန်းကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ယူကရိန်းညှိနှိုင်းရေး ဌာနချုပ်က ယူကရိန်း အရပ်သား ၁၀ ဦးသည် ဖမ်းဆီးခံရသူ လဲလှယ်ရေး အစီအစဉ်ဖြင့် ရုရှားမှ ယူကရိန်းသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း ဇွန်လ ၂၈ ရက်နေ့က ကြေညာခဲ့ပါသည်။ ယင်းနှင့်ပတ်သက်ပြီး ရုရှားနိုင်ငံက တုံ့ပြန်မှုမရှိသေးကြောင်းသိရပါသည်။