အစ္စရေး ဆန္ဒပြသူများသည် ရဲများနှင့် ထိတွေ့တိုက်ခိုက်မှုဖြစ်ပွား

(GMT+08:00)2024-06-30 13:29:00  

ဒေသစံတော်ချိန် ဇွန်လ ၂၉ ရက်နေ့က အစ္စရေး ပြည်သူ အများအပြားသည် လမ်းပေါ်ထွက်ပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ရာထူးမှ နုတ်ထွက်ပြီး ရွေးကောက်ပွဲ ပိုမို စောလျင်စွာ ကျင်းပရန် တောင်းဆိုခဲ့ကြသည်။ အချို့ ဆန္ဒပြသူများက ပဋိပက္ခ အဆုံးသတ်ရန်နှင့် အစ္စရေးမှ ဖမ်းဆီးခံရသူများကို လဲလှယ်ရန်အတွက် အစ္စရေးအစိုးရအနေနှင့် တိကျသေချာသော ဆောင်ရွက်မှုများ အမြန်ဆုံး ပြုလုပ်ရန် တောင်းဆိုခဲ့သည်။

ဇွန်လ ၂၉ ရက်နေ့ ညပိုင်းက အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ ဆန္ဒပြပွဲ အတောအတွင်း ဆန္ဒပြသူအချို့က လမ်းလယ်၌ မီးရှို့ပြီးလည်း ဆန္ဒပြခဲ့ကြသည်။ အစ္စရေး ရဲတပ်ဖွဲ့သည် အခြေအနေ ထိန်းချုပ်ရန်နှင့် ဆန္ဒပြသူများကို လူစုခွဲရန် ကြိုးပမ်းစဉ် ဆန္ဒပြသူများနှင့်ထိတွေ့ပြီး  တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။