ရှီကျင့်ဖိန်သည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံ အကြီးအကဲများ ကောင်စီ၏ ၂၄ ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ပြီး ကာဇက်စတန်နှင့် တာဂျစ်ကစ္စတန်နိုင်ငံများသို့ တရားဝင် ခရီးလှည့်လည်မည်

(GMT+08:00)2024-06-30 16:07:04  

ဇူလိုင်လ ၂ ရက်နေ့မှ ၆ ရက်နေ့အထိ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် အာစတာနာမြို့၌ ကျင်းပမည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့  အဖွဲ့ဝင်နိုင်ငံ အကြီးအကဲများ ကောင်စီ၏ ၂၄ ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ပြီး ကာဇက်စတန်သမ္မတ တိုကာယက်ဗ်နှင့် တာဂျစ်ကစ္စတန်သမ္မတ ရာမွန်တို့၏ ဖိတ်ကြားချက်အရ အဆိုပါ နှစ်နိုင်ငံသို့လည်း တရားဝင် ခရီးလှည့်လည်မည်ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာချွန်ယဉ်က ကြေညာခဲ့သည်။