ဝမ်ယိသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး (၅) ရပ် ထုတ်ပြန်ခြင်း နှစ် (၇၀) ပြည့် အထိမ်းအမှတ် နေ့လယ်စာ စားပွဲသို့ တက်ရောက်ပြီး အမှာစကား ပြောကြား

(GMT+08:00)2024-06-29 10:46:38  

ဇွန်လ ၂၈ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဘေကျင်းမြို့၌ ကျင်းပသော ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင် ရေး မူကြီး (၅) ရပ် ထုတ်ပြန်ခြင်း နှစ် (၇၀) ပြည့် အထိမ်းအမှတ် နေ့လယ်စာစားပွဲသို့ တက်ရောက်ပြီး အမှာစကား ပြောကြားခဲ့သည်။

ဝမ်ယိက အထိမ်းအမှတ် အစည်းအဝေးတွင် သမ္မတ ရှီကျင့်ဖိန်၏ အရေးကြီးသော မိန့်ခွန်းသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး (၅) ရပ်၏ သဘောတရားနှင့် ခေတ်တန်ဖိုးကို ဘက်စုံ ရှင်းလင်းပြောကြားပြီး ရာစုနှစ် ပြောင်း လဲမှုကြီးများတွင် လူသားများ ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေး ဦးတည်ချက်ကို လမ်းညွှန်ထားကာ "Global South" နှင့် နိုင်ငံအသီးသီးမှ ပြည်သူများ ကောင်းမွန်သော အနာဂတ်ကို လက်တွဲ ဖန်တီးကြရန် ဖော်ပြ ထား ကြောင်း၊ ယင်း မိန့်ခွန်းသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး (၅) ရပ်၏ သမိုင်းဝင် ဉာဏ်ပညာကို ခံယူကာ ယနေ့ကမ္ဘာကြီးရှိ ပြဿနာများနှင့် စိန်ခေါ် မှုများကို ဖြေရှင်းရန် သဘောတူညီမှု နှင့် ပူးပေါင်းဆောင်ရွက်မှုများကို စုစည်းပြီး အလွန် အရေးပါသော အဓိပ္ပာယ်ရှိပါကြောင်း ပြောကြားခဲ့သည်။