တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနိုင်ငံရေးဦးဆောင်အဖွဲ့သည် အစည်းအဝေး ကျင်းပပြီး အကြိမ်၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယအကြိမ် မျက်နှာစုံညီ အစည်းအဝေးသို့ တင်သွင်းမည့်စာတမ်းများကို ဆွေနွေးခဲ့ကြ

(GMT+08:00)2024-06-29 09:13:44  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနိုင်ငံရေးဦးဆောင်အဖွဲ့သည် ဇွန်လ ၂၇ရက်နေ့တွင် အစည်းအဝေးကို ကျင်းပခဲ့ပြီး ပြုပြင်ပြောင်းလဲမှု ပိုမိုဘက်စုံနက်ရှိုင်းစေရေးနှင့် တရုတ် အသွင်ပုံစံခေတ်မီရေးတွန်းအားပေးရေးဆိုင်ရာ ကိစ္စရပ်များကို လေ့လာဆွေးနွေးခဲ့ ကြ ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်သည် အစည်းအဝေးကို ကြီးမှူးကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် အကြိမ်၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေးကို ဇူလိုင်လ ၁၅ရက်နေ့မှ ၁၈ရက်နေ့အထိ ဘေကျင်းမြို့ တွင် ကျင်ပရန် ဆုံးဖြတ်ခဲ့ပါသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့သည် “တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ပြုပြင်ပြောင်းလဲမှု ပိုမိုဘက်စုံနက်ရှိုင်းစေရေးနှင့် တရုတ်အသွင် ပုံစံ ခေတ်မီရေးတွန်းအားပေးရေးဆိုင်ရာ ဆုံးဖြတ်ချက်” မူကြမ်းအပေါ် ပါတီအတွင်းအပြင်မှ သဘောထားအမြင်များကို ကြားနာခဲ့ပြီး ယခုအကြိမ်အစည်းအဝေးမှ ရရှိသော အကြံပြုချက်များကိုမူတည်၍ ယင်းမူကြမ်းကို ပြင်ဆင်ပြီးနောက် အကြိမ်၂၀ မြောက် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယအကြိမ် မျက်နှာစုံ ညီ အစည်းအဝေးတွင် စိစစ်ရန် တင်သွင်းမည်ဖြစ်ကြောင်းဆုံးဖြတ်ခဲ့ပါသည်။