"သမိုင်းအဖြေ" မှ "ခေတ်အဖြေ" သို့၊ တရုတ်နိုင်ငံသည် တာဝန်ဝတ္တရားများကို အစဉ်တစိုက် ထမ်းဆောင်နေ

(GMT+08:00)2024-06-29 10:35:56  

 

  လွန်ခဲ့သည့် နှစ် ၇၀ တုန်းက အာရှ၊ အာဖရိက၊ လက်တင်အမေရိကနိုင်ငံများသည် လွတ်မြောက်ရေးနှင့် လွတ်လပ်ရေး လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြပြီး နိုင်ငံ အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ်ရန်၊ အမျိုးသား စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် မျှော်လင့်ခဲ့ကြပါသည်။ ယင်းအချိန်တုန်းက တရုတ်နိုင်ငံ ခေါင်းဆောင်သည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်ကို ပထမဆုံးအကြိမ် ပြည့်စုံစွာ တင်ပြခဲ့ပြီး နိုင်ငံ အချင်းချင်း ဆက်ဆံရေးနှင့် ပတ်သက်ပြီး "သမိုင်းအဖြေ"ကို ပေးလိုက်ပါသည်။

   ယနေ့ ကမ္ဘာကြီးတွင် ရာစုနှစ် ပြောင်းလဲမှုများ ဖြစ်ပွားနေပြီး "မည်သို့သော ကမ္ဘာကြီးကို တည်ဆောက်ရမည်နည်း"၊ "ဤကမ္ဘာကြီးကို မည်သို့ တည်ဆောက်မည်နည်း" ဟူသော ခေတ်မေးခွန်းများနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံသည် လူသား ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ခြင်း ဟူသော "ခေတ်အဖြေ" ကို ပေးလိုက်ပါသည်။

  "သမိုင်းအဖြေ" မှ "ခေတ်အဖြေ" သို့၊ ပြောင်းလဲခဲ့သည်မှာ ကမ္ဘာ့အခြေအနေနှင့် ကမ္ဘာ့ အခြေအနေ ဖွဲ့စည်းမှု ဖြစ်ပြီး မပြောင်းလဲသည်မှာ နိုင်ငံအချင်းချင်း ဆက်ဆံမှု အပေါ် တရုတ်နိုင်ငံ၏ ဆန်းသစ် စူးစမ်းခြင်း၊ ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအပေါ် တရုတ်နိုင်ငံ၏ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခြင်းနှင့် တရားမျှတသော နိုင်ငံတကာ စည်းစနစ်အပေါ် တရုတ်နိုင်ငံ၏ မလျှော့သောဇွဲဖြင့် ကြိုးပမ်းရှာဖွေခြင်းပင် ဖြစ်သည်။

   ဇွန်လ ၂၈ ရက်နေ့က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ် ထုတ်ပြန်ခဲ့သည့် နှစ် ၇၀ ပြည့် အထိမ်းအမှတ် အစည်းအဝေးသို့ တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့ပါသည်။ ရှီကျင့်ဖိန်သည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်၏ ရည်မှန်းချက် အကြောင်းအရာများနှင့် ခေတ်တန်ဖိုးများကို ဘက်စုံ ရှင်းလင်းပြောကြားပြီး လူသားကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေး အယူအဆသည် ခေတ်သစ်တွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်ကို အကောင်းဆုံးသော ဆက်ခံ၊ ထွန်းကား၊ မြှင့်တင်ခြင်းပင် ဖြစ်သည်ဟု ထောက်ပြခဲ့ပါသည်။

   မျက်မှောက်အချိန်တွင် တရုတ်နိုင်ငံသည် တရုတ်အသွင်ပုံစံ ခေတ်မီရေးဖြင့် အင်အားတောင့်တင်းသောနိုင်ငံ ဖြစ်လာအောင် တည်ဆောက်ရေးနှင့် အမျိုးသား ရှင်သန်ရေးလုပ်ငန်းကို ဘက်စုံ တွန်းအားပေး ဆောင်ရွက်နေပါသည်။ နိုင်ငံအသီးသီးနှင့် လက်တွဲ ဖွံ့ဖြိုးတိုးတက်ရန်လည်း ကြိုဆိုပါသည်။ သမ္မတ ရှီကျင့်ဖိန် ပြောသလိုပင် ငြိမ်းချမ်းရေး သို့မဟုတ် စစ်ပွဲများ၊ စည်ပင်သာယာရေး သို့မဟုတ် ဆုတ်ယုတ်မှုများ၊ စည်းလုံးညီညွတ်ရေး သို့မဟုတ် ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်သည့် သမိုင်း ရွေးချယ်မှုကို ရင်ဆိုင်လျက် မိမိတို့သည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ် စိတ်ဓာတ် ထွန်းကားစေရန် အချိန်တိုင်း အမြဲတမ်း လိုလားနေကြောင်း China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြ ထားပါသည်။