ရှီကျင့်ဖိန်သည် ပီရူးသမ္မတ Dina Boluarte နှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00)2024-06-29 10:44:25  

ဇွန်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်းမြို့ ပြည်သူ့ခန်းမဆောင်ကြီး၌ တရားဝင် အလည်အပတ် ရောက်ရှိနေသော ပီရူးသမ္မတ Dina Boluarte နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က ပီရူးနိုင်ငံသည် တရုတ်နိုင်ငံနှင့် သံတမန် အဆက်အသွယ် ထားရှိပြီး တရုတ်နိုင်ငံနှင့် အစောဆုံး ဘက်စုံ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးကို တည်ထောင်သည့် လက်တင်အမေရိကနိုင်ငံများထဲတွင် တစ်နိုင်ငံ အပါအဝင် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူစာချုပ်များ အစောဆုံး ချုပ်ဆိုသည့် လက်တင် အမေရိက နိုင်ငံ လည်း ဖြစ်ကြောင်း၊ အပြန်အလှန် လေးစားမှုနှင့် တန်းတူရည်တူ ဆက်ဆံမှုသည် တရုတ် နိုင်ငံ၏ တစ်သမတ်တည်း လုပ်ထုံးလုပ်  နည်းဖြစ်ပြီး တရုတ်-ပီရူး ဘက်စုံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှု အစဉ်တစိုက် အဆင့်မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်လာနေသော အခြေခံ အကြောင်းရင်းလည်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

Boluarte က တရုတ်နိုင်ငံ၏ ကြီးမားသော အောင်မြင်မှုများကို  စိတ်ရင်းမှန် ဖြင့် အားကျပါ ကြောင်း၊ တရုတ်နိုင်ငံ၏ အောင်မြင်သော အတွေ့အကြုံများကို သင်ယူလေ့လာပြီး နှစ်နိုင်ငံ အကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို  တိုးချဲ့ခြင်း ဖြင့် မိမိတို့၏  ဖွံ့ ဖြိုး တိုး တက်မှုကို ပိုမိုကောင်းမွန်စွာ အထောက်အကူ ပြုနိုင်ရန် မျှော်လင့်ကြောင်း၊ ပီရူး သည် တရုတ်နိုင်ငံနှင့်အတူ လျာထားသည့်အတိုင်း Chancay ဆိပ်ကမ်း စီမံကိန်းကို အောင်မြင်စွာ တည်ဆောက်ပြီးစီးရန်၊ ဤသို့ဖြင့် နှစ်နိုင်ငံပြည်သူများအတွက် ပိုမို အကျိုးပြုနိုင်ရန် မျှော်လင့် ကြောင်း ပြောကြားခဲ့သည်။