ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ် ထုတ်ပြန်ခဲ့သည့် နှစ် ၇၀ ပြည့် အထိမ်းအမှတ် အစည်းအဝေးမှ ဘေကျင်းကြေညာစာတမ်း ထုတ်ပြန်

(GMT+08:00)2024-06-29 10:34:41  

   ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ် ထုတ်ပြန်ခဲ့သည့် နှစ် ၇၀ ပြည့် အထိမ်းအမှတ်အစည်းအဝေးကို ဇွန်လ ၂၈ ရက်နေ့က ဘေကျင်း၌ ခမ်းနားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။ ဗီယက်နမ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ အင်ဒိုနီးရှား၊ တောင်အာဖရိက၊ ကာဇက်စတန်၊ ဘရာဇီး၊ ဂျပန်၊ တောင်ကိုရီးယား၊ အီတလီ၊ ပြင်သစ် စသည့်နိုင်ငံများမှ အကြီးအကဲဟောင်းများ၊ နိုင်ငံတကာနှင့်ဒေသဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ တရုတ်နိုင်ငံဆိုင်ရာ နိုင်ငံ တစ်ရာကျော်မှ သံအမတ်ကြီးများ၊ ကျွမ်းကျင်ပညာရှင်များ၊ ချစ်ကြည်ရေးပုဂ္ဂိုလ်များ၊ မီဒီယာနှင့် စက်မှု ကုန်သွယ်ရေး လောကမှ ကိုယ်စားလှယ် များ သည် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြပါသည်။ ယခုအကြိမ် အစည်းအဝေးတွင် ငြိမ်း ချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ် ထုတ်ပြန်ခဲ့သည့် နှစ် ၇၀ ပြည့် အထိမ်း အမှတ်အစည်းအဝေးမှ ဘေကျင်းကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ပါသည်။

   အစည်းအဝေးကို ကြီးမှူးကျင်းပသူ အဖြစ် တရုတ်နိုင်ငံသည် ဘက်အသီးသီးတို့၏ အဓိက အမြင်သဘောထားများကို ပေါင်းရုံးသုံးသပ် ဖော်ပြထားပါသည်။ လွန်ခဲ့သည့် နှစ် ၇၀ တုန်းက တရုတ်နိုင်ငံခေါင်းဆောင်သည် ပထမဆုံးအကြိမ် အဖြစ် အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ပြည့်စုံမှုကို အပြန်အလှန် လေးစားရေး၊ တစ်ဦးကို တစ်ဦးက မကျူး ကျော်ရေး၊ တစ်ဦးက တစ်ဦး၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှု မပြုလုပ်ရေး၊ တန်းတူ ရည်တူ အပြန်အလှန် အကျိုးရှိစေရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ငါးရပ်ကို ပထမဆုံးအကြိမ် ပြည့်စုံစွာ တင်ပြခဲ့ပြီး တရုတ်-အိန္ဒိယနှင့် တရုတ်-မြန်မာ ပူးတွဲ ကြေညာချက်များတွင် ထည့်သွင်းကာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ် နှင့်  နိုင်ငံချင်းဆက်ဆံမှုကို လမ်းညွှန်အခြေခံမူအဖြစ်ထားရန် ပူးတွဲ တိုက်တွန်းခဲ့ကြ၍ သမိုင်းဝင် အရေးကြီး အဓိပ္ပာယ် ရှိပါသည်။ လွန်ခဲ့သည့် နှစ် ၇၀ အတွင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်သည် အာရှ ဉာဏ်ပညာအဖြစ်မှ ပွင့်လင်းမြင်သာ၊ ဘက်ပေါင်းစုံ ပါဝင်သော၊ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်သော နိုင်ငံတကာ ဆက်ဆံရေး၏ အခြေခံမူနှင့် နိုင်ငံတကာ ဥပဒေ၏ အခြေခံမူအဖြစ် မြင့်တက် လာပြီး လူသားများ တိုးတက်ရေး လုပ်ငန်းအတွက် သမိုင်းဝင် အကျိုးပြုစွမ်းဆောင်မှုများ ပြုလုပ်ပေးခဲ့ပါသည်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်သည် ကုလသမဂ္ဂ ပဋိညာဉ်စာချုပ် ရည်မှန်းချက်မူနှင့် ကိုက်ညီပြီး စနစ်မတူသော နိုင်ငံများအကြား ဆက်ဆံမှု တည်ထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းကြောင်းသစ်ကို ဖွင့်လှစ်ပေးထားပါသည်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်၏ ရည်မှန်းချက် သည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ တရားမျှတသော အခွင့်အရေးနှင့် အကျိုးစီးပွားများကို ထိန်းသိမ်းရန် ဖြစ်ပြီး နယ်ချဲ့ဝါဒ၊ ကိုလိုနီဝါဒနှင့် ဗိုလ်ကျလွှမ်းမိုးရေးဝါဒ စည်းစနစ်များကို ပြုပြင်ခြင်း ဖြစ်ကာ နိုင်ငံတကာ စည်းစနစ်များ ပိုမို တရားမျှတပြီး တရားနည်းလမ်းကျစွာ တိုးတက်ရေးအတွက် အတွေးအခေါ်ဆိုင်ရာ အခြေခံအုတ်မြစ်များ ချထားပေးပါသည်။ လူသားကံကြမ္မာတူ အသိုက်အဝန်း တည်ထောင်ရေး အယူအဆသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်၏ အမြုတေ စိတ်ဓာတ်ကို ဆက်ခံပြီး နိုင်ငံ အသီးသီးတို့သည် လူသားများ၏ ဘုံရပ်ရွာ ဖြစ်သည့် ကမ္ဘာမြေပေါ်တွင် လက်တွဲ ချီတက်ရန်အတွက် ဦးတည်ချက် ညွှန်ပြထားပါသည်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်၏ အနှစ်သာရ ကျရာအချက်သည် အချုပ်အခြာအာဏာ တန်းတူရည်တူ ဖြစ်ပြီး ယင်းသည် နိုင်ငံချင်း ဆက်ဆံမှု စံကိုက်ရေးဆိုင်ရာ အရေးကြီးဆုံးသောမူ ဖြစ်ပါသည်။ အပြန်အလှန် လေးစားရေးသည် နိုင်ငံချင်း ဆက်ဆံရေး၏ ကြိုတင်သတ်မှတ်ချက် ဖြစ်ပြီး အမျိုးအစားသစ် နိုင်ငံတကာဆက်ဆံမှု တည်ထောင်ရေးဆိုင်ရာ အခြေခံပင် ဖြစ်ပါသည်။ ဘက်အသီးသီးတို့သည် တရုတ်အသွင်ပုံစံ ခေတ်မီရေးတွင် ရရှိထားသော ကြီးမားသည့် အောင်မြင်မှုများကို မြင့်မားစွာ အကဲဖြတ်ချီးကျူးကြပြီး ကမ္ဘာ့ငြိမ်းချမ်းမှု ထိန်းသိမ်းရေး၊ နိုင်ငံအသီးသီးတို့နှင့် ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် နိုင်ငံတကာ အတူ ဖွံ့ဖြိုးတိုးတက်မှု တိုးမြှင့်ရေးအတွက် တရုတ်နိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုနှင့် အကျိုးပြု စွမ်းဆောင်မှုများကို ချီးကျူးခဲ့ကြပါသည်။