ရှီကျင့်ဖိန်နှင့် ဗင်နီဇွဲလားသမ္မတ မာဒူရိုတို့သည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထားရှိခြင်းနှစ် ၅၀ ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ အပြန်အလှန် ပေးပို့

(GMT+08:00)2024-06-29 09:16:58  

ဇွန်လ ၂၈ရက်နေ့တွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့် ဗင်နီဇွဲလားနိုင်ငံ သမ္မတ မာဒူရို တို့သည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထားရှိခြင်း နှစ် ၅၀ ပြည့် အထိမ်းအမှတ် အဖြစ် ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို အပြန်အလှန် ပေးပို့ခဲ့ကြပါသည်။

သမ္မတ ရှီကျင့်ဖိန်က တရုတ်နှင့် ဗင်နီဇွဲလားတို့သည် အပြန်အလှန်ယုံကြည်သော၊ အတူဖွံ့ဖြိုးတိုးတက်သော မိတ်ဖက်ကောင်းများဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ဗင်နီဇွဲလားနှင့်အတူ သံတမန်ဆက်ဆံရေးထားရှိခြင်း မူရင်းစိတ်ဓာတ်ကို စွဲကိုင်ပြီး ချစ်ကြည်ရေး အစဉ်အလာကို ဆက်ခံကာ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထားရှိခြင်းနှစ် ၅၀ ပြည့် နှစ်ပတ် လည်ကို အစသစ်တစ်ခုအနေဖြင့် ထားရှိပြီး တရုတ်-ဗင်နီဇွဲလား အစဉ်တစိုက် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံ ရေးကို စဉ်ဆက်မပြတ် မြှင့်တင်ရန်၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပိုမိုအကျိုးပြုရန်နှင့် လူသား ကံကြမ္မာတူ အသိုက်အဝန်းကို လက်တွဲတည်ဆောက်ရန် ဆောင်ရွက်လိုကြောင်း ဖော်ပြခဲ့ပါသည်။

မာဒူရိုက ဗင်နီဇွဲလားနှင့် တရုတ်နိုင်ငံ သံတမန်ဆက်ဆံရေး ထားရှိခြင်း နှစ်ပေါင်း ၅၀ အတွင်း နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် ကောင်းမွန်စွာ တိုးတက်ခဲ့ကြောင်း၊ အထူးသဖြင့် ဗင်နီဇွဲလားနှင့် တရုတ်နိုင်ငံအကြား အစဉ်တစိုက် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ထူထောင်ခြင်းသည် သမိုင်းဝင် အရေးပါသော အဓိပ္ပာယ်ရှိပါကြောင်း၊ ဗင်နီဇွဲလားသည် တရုတ်နိုင်ငံအား နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ကာကွယ်ရန် အခိုင်အမာ ထောက်ခံ ပြီး၊ တရုတ်နိုင်ငံကို ဟန့်တားရန် ကြံဆမှုမှန်သမျှကို ဆန့်ကျင်ကာ သမ္မတရှီကျင့်ဖိန်၏ “Belt and Road” အတူ တည်ဆောက်ရေးအဆိုပြုချက်နှင့် ကမ္ဘာလုံးဆိုင်ရာ အဆိုပြုချက် ၃ ရပ် တို့ကို တက်ကြွစွာ ပါဝင် လက်တွေ့ဖော်ဆောင်လိုကြောင်း ပြောကြားခဲ့သည်။