၂၄ကြိမ်မြောက် အာရပ် ရေဒီယိုနှင့်ရုပ်မြင်သံကြားပွဲတော်ကို တူနီးရှား၌ ကျင်းပရာတွင် တရုတ် မီဒီယာများ၏ပြသရေးနေရာသည် အာရုံစိုက်မှုများစွာ ရရှိ

(GMT+08:00)2024-06-28 14:10:19  

ဒေသစံတော်ချိန် ဇွန်လ ၂၆ရက်နေ့မှ ၂၉ရက်နေ့အထိ ၂၄ကြိမ်မြောက် အာရပ်ရေဒီယိုနှင့်ရုပ်မြင်သံကြားပွဲတော်ကို တူနီးရှားနိုင်ငံ တူနီးရှားမြို့တော်၌ ကျင်းပနေပါ သည်။ ယခုအကြိမ် ရေဒီယိုနှင့်ရုပ်မြင်သံကြားပွဲတော်ကို သတင်းဖြန့်ချိရေးနယ်ပယ်၌ AIအသုံးပြုရေး၊ ရေဒီယိုနှင့်ရုပ်မြင်သံကြား မီဒီယာများအသွင်ပြောင်းလဲရေးနှင့် အဆင့် မြှင့်တင်ရေး စသောကိစ္စရပ်များကို  အထူးပြုကာ  အာရပ်နိုင်ငံများ ရေဒီယိုသမဂ္ဂမှ ဦးစီးကျင်းပခြင်း ဖြစ်ပါသည်။

အာရပ်နိုင်ငံများ ရေဒီယိုသမဂ္ဂ၏အဖွဲ့ဝင်အနေနှင့် China Media Groupသည် ဖိတ်ကြားချက်အရ ယခုအကြိမ်ရေဒီယိုနှင့်ရုပ်မြင်သံကြားပွဲတော်တွင် ပါဝင်ခဲ့ပြီး အထူးပြသရေး နေရာကို ဖွင့်ထားကာ CMG၏ “တရုတ်နိုင်ငံ၏ အခွင့်အလမ်းများ---- အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားကို ရှင်းလင်းဖော်ပြခြင်း” “AIနည်းဖြင့် ဂန္ထဝင်စာအုပ်များကို ကြည့်ရှုခြင်း” စသော ထိပ်တန်းအရည်အသွေးအစီအစဉ်များကို ထုတ်လွှင့်ပြသ၍ တရုတ်ဇာတ်လမ်းတွဲများ၊ မှတ်တမ်းတင်ကားများနှင့် ကာတွန်းကားများကို မိတ်ဆက်ပြီး အာရပ်မီဒီယာများ၏ အာရုံစိုက်မှုကို ရရှိ ခဲ့ပါသည်။