ဘူလ်ဂေးရီးယားသမ္မတသည် ကိုယ်စားလှယ်အဖွဲ့ကိုဦးဆောင်ပြီး နေတိုးအဖွဲ့ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် ငြင်းပယ်

(GMT+08:00)2024-06-28 14:08:21  

ဘူလ်ဂေးရီးယားနိုင်ငံသမ္မတRadevသည် ကျင်းပတော့မည့် နေတိုးအဖွဲ့ထိပ်သီး အစည်းဝေးအပေါ် အိမ်စောင့်အစိုးရ၏မူဘောင်ရပ်တည်ချက်ကို သဘောမတူညီ သောကြောင့် ဘူလ်ဂေးရီးယားကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး နေတိုး အဖွဲ့ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ငြင်းပယ်ကြောင်း ဇွန်လ ၂၇ရက်နေ့က ပြောကြားခဲ့ပါသည်။

Radevက ရုရှား-ယူကရိန်း ပဋိပက္ခ ဖြစ်ပွားခဲ့သော ပထမနေ့မှစ၍  မိမိသည် စုပေါင်းနည်းလမ်းဖြင့် လုံခြုံရေးကို ထိန်းသိမ်းရန်၊ ကာကွယ်ရေးစွမ်းအားကို တိုးမြှင့်ရန်၊ နေတိုးရပ်ဝန်းစီမံကိန်းကို အကောင်အထည်ဖော်ရန် နှင့် နိုင်ငံတော်ကာကွယ်ရေးဘတ်ဂျက် ကို တိုးမြှင့်ရန် တောက်လျှောက် ထောက်ခံခဲ့သော်လည်း အိမ်စောင့်အစိုးရမှ အတည်ပြုခဲ့သော မူဘောင်ရပ်တည်ချက်တွင် ရုရှား-ယူကရိန်း ပဋိပက္ခ အပေါ် ဘူလ်ဂေးရီးယားမှ ကတိကဝတ်ဆိုင်ရာ အချို့သတ်မှတ်ချက်များကို လက်မခံသောကြောင့် ၎င်းသည် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး နေတိုးအဖွဲ့ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် ငြင်းပယ်ကြောင်း ပြောကြားခဲ့ပါသည်။