တရုတ်-သြစတြီးယားနှင့် တရုတ်-အမေရိကန် ပန်ဒါဝက်ဝံ ထိန်းသိမ်းကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အသစ်သည် တရုတ်နှင့် နိုင်ငံခြား ပြည်သူများကြား ချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်ပေးမည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနဆို

(GMT+08:00)2024-06-28 14:03:48  

တရုတ်-သြစတြီးယားနှင့် တရုတ်-အမေရိကန် ပန်ဒါကြီးများ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အသစ်သည် ပန်ဒါကြီးများ၏ ကျန်းမာရေးကို မြှင့်တင်ပေးမည်ဖြစ်ပြီး ပန်ဒါကြီးများနှင့် အခြားသော မျိုးသုဉ်းလုနီးပါးမျိုးစိတ်များအား ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ပေးမည်ဖြစ်ကာ ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးကို မြှင့်တင်ရန်နှင့် တရုတ်နှင့် နိုင်ငံခြားပြည်သူများကြား ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ရန် ပံ့ပိုးမှုအသစ်များ ပြုလုပ်မည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန မှ ပြောရေးဆိုခွင့်ရှိသူ မော်နင် က ဇွန်လ ၂၇ ရက်နေ့တွင် ပြောကြားခဲ့သည်။