လာအိုသည် တရုတ်ခရီးသွားများအတွက် ဗီဇာကင်းလွတ်ရေးပေါ်လစီ ကျင့်သုံး

(GMT+08:00)2024-06-28 13:48:37  

ဒေသစံတော်ချိန် ဇွန်လ ၂၆ ရက်နေ့တွင် လာအိုနိုင်ငံ သတင်းရေးရာ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဝန်ကြီးသည် ၂၀၂၄ခုနှစ် လာအို ခရီးသွားနှစ်ဆိုင်ရာ သီးသန့်ခရီးသွားများအပေါ် ဗီဇာပေါ်လစီ  အသေးစိတ် ဆောင်ရွက်မှုများ စာတမ်း အမှတ် ၂၉ ကို လက်မှတ်ရေးထိုးခဲ့သည်။

ယင်းပေါ်လစီအရ လာအိုနိုင်ငံသည် လာအိုခရီးသွားလုပ်ငန်းကုမ္ပဏီမှ စီစဉ်ပေးပြီး သာမန် နိုင်ငံကူး လက်မှတ်ကိုင်ဆောင် ထားသော တရုတ်ပြည်မကြီး၊ ဟောင်ကောင်၊ မကာအိုနှင့် ထိုင်ဝမ်တို့မှ ခရီးသွားများအပေါ် ၁၅ ရက်ကြာ ဗီဇာကင်းလွတ်ခွင့် ပေးမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ခရီးစဉ်ကို လာအိုခရီးသွားလုပ်ငန်းကုမ္ပဏီမှ စီစဉ်ပေးပြီး လာအို သတင်းရေးရာ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ခွင့်ပြုချက် ရရှိရမည်ဖြစ်ကြောင်း ယင်းစာတမ်းအရ သိရပါသည်။

အဆိုပါ ပေါ်လစီသည် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် စတင် အသက်ဝင်မည်ဖြစ်ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ အကျုံးဝင်မည်ဖြစ်ပါသည်။