တရုတ်-ဆားဗီးယား လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ်သည် ဇူလိုင်လ ၁ ရက်နေ့တွင် တရားဝင် အာဏာတည်မည်

(GMT+08:00)2024-06-28 13:57:02  

တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရ နှင့် ဆားဗီးယား သမ္မတ နိုင်ငံအစိုးရများ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်သည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့က လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ခြင်းဖြစ်ပါသည်။ လက်ရှိတွင် တရုတ်နှင့် ဆားဗီးယား ၂ နိုင်ငံတို့ သည် ၎င်းတို့၏ သက်ဆိုင်ရာပြည်တွင်း စစ်ဆေးခွင့်ပြုရေး အစီအစဉ်များကို ပြီးမြောက်ခဲ့ပြီး သဘောတူစာချုပ်သည် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် တရားဝင် အာဏာတည် မည်ဖြစ်ပါသည်။

တရုတ်-ဆားဗီးယား လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် အာဏာတည် လာပြီးနောက် တရုတ်နှင့် ဆားဗီးယား နှစ်နိုင်ငံတို့သည် ရာခိုင်နှုန်း ၉၀ ရှိ အခွန်စည်းကြပ်မှု များအပေါ် အပြန်အလှန်စည်းကြပ်ခွန်ကို တဖြည်းဖြည်း ဖယ်ရှားသွားမည်ဖြစ်ပြီး၊ ယင်းတို့ ထဲမှ ရာခိုင်နှုန်း ၆၀ ကျော် ရှိ အခွန်စည်းကြပ်မှုများသည် သဘောတူစာချုပ် အာဏာတည် သောနေ့တွင် ချက်ချင်း ပယ်ဖျက်မည်ဟု သတင်းအရသိရပါသည်။