ပနားမား အစိုးရ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်၏ အထူးသံတမန်၊ အကောက်ခွန်ရုံး ဒါရိုက်တာ၊ ဝန်ကြီး ယွီကျန့်ဟွာသည် ပနားမားနိုင်ငံ တွင် ဇူလိုင်လ ၁ ရက်နေ့၌ ကျင်းပမည့် ပနားမား သမ္မတ အာဏာလွှဲပြောင်းပေးအပ်ရေး အခမ်းအနား တက်ရောက်ရန် ပနားမားသို့ သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ မော်နင်က ထုတ်ပြန်ကြေညာခဲ့ပါသည်။
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် ၏ အထူးသံတမန် ယွီကျန့်ဟွာသည် ပနားမားသမ္မတ၏ အာဏာလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်မည်
(GMT+08:00)2024-06-28 11:16:09