ဖရိုဖရဲဖြစ်နေသော၊ စစ်သွေးကြွသော၊ ဗိုလ်ကျတတ်သော …. CGTN စစ်တမ်းကောက်ယူမှုဖြင့် အာရှသားများရဲ့အမြင်ထဲက အမေရိကန်နိုင်ငံအကြောင်း ဖော်ထုတ်

(GMT+08:00)2024-06-28 20:31:43  

“တရုတ်နိုင်ငံသားများရဲ့စိတ်ထဲမှာ အမေရိကန်နိုင်ငံရဲ့ပုံရိပ်ဟာ ဘယ်လို ရှိနေ မလဲဆိုတာ အမေရိကန်နိုင်ငံပေါ်မှာပဲ မူတည်ပါတယ်။” တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောရေး ဆိုခွင့်ရှိသူရဲ့ယင်းပြောဆိုချက်ဟာ နိုင်ငံတကာမီဒီယာမှာ ဝေဖန် ဆွေးနွေး မှုများ ဖြစ်လာခဲ့ ပါတယ်။ အမေရိကန်နိုင်ငံရဲ့ပုံရိပ်ဟာ ဘယ်လိုရှိသလဲ။ China Media Group CGTN နဲ့ Renmin University of China ပူးပေါင်းပြီး New Era International Communication Research Institute မှတစ်ဆင့် အာရှနိုင်ငံများရှိ မေးမြန်းခံရသူများအား ပြုလုပ်ခဲ့သော လူထုသဘောထားစစ်တမ်းကောက်ယူမှု ဖော်ပြချက်အရ ပြည်တွင်းရေး မငြိမ်သက်မှု၊ ဝင်ရောက်စွက်ဖက်မှုနဲ့စစ်သွေးကြွမှု၊ ဗိုလ်ကျလွှမ်းမိုးမှုဟာ အမေရိကန် နိုင်ငံ ပုံရိပ်ရဲ့ နာမ်စားဖြစ်နေပါတယ်။

စစ်တမ်းကောက်ယူမှုတွင် မေးမြန်းခံရသူ ၈၄.၄ ရာခိုင်နှုန်းက သေနတ်ကိုင် အကြမ်း ဖက်မှုဖြစ်ရပ်ဟာ အမေရိကန် လူ့အဖွဲ့အစည်းရဲ့ရောဂါဆိုးကြီးဖြစ်နေပါတယ်လို့ ယူဆ ကြပါတယ်။ မေးမြန်းခံရသူ ၇၅.၄ ရာခိုင်နှုန်းက အမေရိကန်နိုင်ငံမှာ စနစ်ကျကျ လူမျိုးရေး ခွဲခြား ဆက်ဆံမှုများရှိနေပါတယ်လို့ ယူဆကြပါတယ်။ မေးမြန်းခံရသူ ၇၅.၈ ရာခိုင်နှုန်းက အမေရိကန်လူ့အဖွဲ့အစည်းရဲ့ဆင်းရဲချမ်းသာကွာဟမှုဟာ တစ်နေ့တခြား ကြီးမား လာနေ တယ်လို့ ယူဆကြပါတယ်။ မေးမြန်းခံရသူ ၆၉.၉ ရာခိုင်နှုန်းက အမေရိကန် နိုင်ငံကို မူးယစ် ဆေးဝါးပျံ့နှံ့နေတဲ့နိုင်ငံတစ်နိုင်ငံလို့ ယူဆကြပါတယ်။ ဒါ့အပြင် အာရှတိုက်ရှိ မေးမြန်း ခံရ သူများရဲ့ အမြင်မှာ အမေရိကန်နိုင်ငံရဲ့နိုင်ငံရေးပါတီ ၂ ခုပြိုင်ဆိုင်မှုများ၊ နိုင်ငံရေး အစွန်းရောက်မှုများဟာ အမေရိကန်လူ့အဖွဲ့အစည်းပျက်စီးမှုကို အရှိန်မြှင့်တင်နေပါတယ်။ မေးမြန်းခံရသူ ၈၁.၇ ရာခိုင်နှုန်းကတော့ အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေးပါတီ ၂ ခု အားပြိုင်မှု ဟာ အမေရိကန်နိုင်ငံအုပ်ချုပ်ရေးစနစ်ရဲ့ချို့ယွင်းချက်ကို ပေါ်လွင်စေတယ်လို့ ယူဆကြပါ တယ်။

အရည်အချင်းမရှိသော ပြည်တွင်းအုပ်ချုပ်ရေး၊ စစ်လိုလားသော ပြည်ပအရေးများဖြင့် စစ်သွေးကြွတဲ့အမေရိကန်နိုင်ငံဟာ အခြားနိုင်ငံများအပေါ် ကျူးကျော်မှုနဲ့ဝင်ရောက်စွက် ဖက်မှုဟာ အာရှတိုက်ရဲ့မေးမြန်းခံရသူ ၆၀.၅ ရာခိုင်နှုန်းကျော်ကို ကြောက်ရွံ့စိတ်ဖြစ်စေပါ တယ်။ စစ်တမ်းကောက်ယူမှုထဲမှာ အမေရိကန်နိုင်ငံဟာ ဒီမိုကရေစီဆောင်ပုဒ်ဖြင့် သူတစ်ပါး နိုင်ငံရေးအား မကြာခဏ ဝင်ရောက်စွက်ဖက်ပြီး အခြားနိုင်ငံများကို ဖိနှိပ်နေတယ် လို့ မေးမြန်းခံရသူ ၇၁.၇ ရာခိုင်နှုန်းက ယူဆကြပါတယ်။ မေးမြန်းခံရသူ ၇၅.၄ ရာခိုင်နှုန်းက အမေရိကန်နိုင်ငံကို ကမ္ဘာ့သမိုင်းမှာ စစ်သွေးကြွမှုအရှိဆုံးနိုင်ငံလို့ ယူဆကြပါတယ်။ မေးမြန်းခံရသူ ၇၀.၂ ရာခိုင်နှုန်းက အမေရိကန်နိုင်ငံရဲ့ပြည်ပနိုင်ငံများမှာ အရောင်တော်လှန် ရေး လှုံ့ဆော်ခြင်း၊ ကြားခံစစ်များ ဖန်တီးခြင်းလုပ်ရပ်များကို စိုးရိမ်ပူပန်နေကြပါတယ်။ မေးမြန်းခံရသူ ၇၃.၆ ရာခိုင်နှုန်းက အမေရိကန်နိုင်ငံရဲ့စစ်ပွဲဖန်တီးမှုများကြောင့် လူသားချင်း စာနာထောက်ထားမှု အကျပ်အတည်းများဖြစ်လာစေတယ်လို့ ယူဆကြပါတယ်။ မေးမြန်းခံ ရသူ ၇၃ ရာခိုင်နှုန်းက အခြားနိုင်ငံများအပေါ် အမေရိကန်နိုင်ငံရဲ့စစ်ရေးကူညီမှုနဲ့ လက်နက် ရောင်းချမှုများဟာ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကို ဆိုးရွားစွာ ခြိမ်းခြောက်နေတယ်လို့ ယူဆကြပါတယ်။

စစ်တမ်းကောက်ယူမှုအရ အာရှတိုက်ရှိ မေးမြန်းခံရသူ ၆၉.၁ ရာခိုင်နှုန်းက အမေရိကန် နိုင်ငံရဲ့ နိုင်ငံတကာစည်းမျဉ်းများအပေါ် စံနှုန်းနှစ်မျိုးကျင့်သုံးမှုအား ပြစ်တင်ရှုတ်ချကြပါ တယ်။ မေးမြန်းခံရသူ ၆၄.၄ ရာခိုင်နှုန်းက အမေရိကန်နိုင်ငံရဲ့အခြားနိုင်ငံများအပေါ် အရမ်း ကာရော ပိတ်ဆို့မှုဟာ စီးပွားရေးအကျပ်ကိုင်မှုနဲ့ ဗိုလ်ကျလွှမ်းမိုးသော လုပ်ရပ်လို့ ယူဆ ကြပါတယ်။ မေးမြန်းခံရသူ ၆၇.၄ ရာခိုင်နှုန်းက အမေရိကန်နိုင်ငံဟာ သူတို့ရဲ့ ကိုယ်ပိုင် စံနှုန်းနဲ့ သဘောထားများဖြင့် အခြားသူအပေါ် အဓမ္မသတ်မှတ်ကာ နိုင်ငံတကာ အသိုင်း အဝိုင်းမှ လက်ခံထားသော စည်းမျဉ်းစည်းကမ်းများကို လျစ်လျူရှုနေတယ်လို့ ဝေဖန် ကြပါတယ်။ မေးမြန်းခံရသူ ၆၇.၉ ရာခိုင်နှုန်းက အမေရိကန်နိုင်ငံဟာ အမေရိကန် ဒေါ်လာ အသုံးပြုမှု အားသာချက်ဖြင့် ပြည်တွင်းစီးပွားရေးပြဿနာများကို နိုင်ငံတကာ အသိုင်းအဝိုင်းထံ ပုံချ လွှဲပြောင်းနေတယ်လို့ ယူဆကြပါတယ်။ မေးမြန်းခံရသူ ၇၄.၄ ရာခိုင်နှုန်းကတော့ အမေရိကန်နိုင်ငံဟာ ဗိုလ်ကျသော နိုင်ငံတစ်နိုင်ငံလို့ ယူဆ ကြပါတယ်။

ဒီစစ်တမ်းကောက်ယူမှုဟာ အာရှနိုင်ငံ ၁၀ နိုင်ငံက မေးမြန်းခံရသူ ၂၀၀၉ ဦးကို မေးမြန်း ခဲ့တာဖြစ်ပြီး မေးမြန်းခံရသူများဟာ စင်္ကာပူနိုင်ငံ၊ ဆော်ဒီအာရေဗျနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အာရပ်စော်ဘွားများနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ပါကစ္စတန်နိုင်ငံနဲ့ ဂျပန်နိုင်ငံများက ဖြစ်ပါတယ်။