တရုတ်နိုင်ငံ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား အားသွင်းအခြေခံအဆောက်အအုံ စုစုပေါင်း ပမာဏ ၉ သန်းကျော်ရှိ

(GMT+08:00)2024-06-28 11:19:14  

ယခုနှစ် မေလ လကုန်အထိ တရုတ်နိုင်ငံ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား အားသွင်း အခြေခံ အဆောက်အအုံ စုစုပေါင်း အရေအတွက် ၉ သန်း ၉ သိန်း ၂ သောင်းအထိ ရှိလာခဲ့ပြီး  ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၅၆ ရာခိုင်နှုန်း တိုးများလာကြောင်း၊  ယင်းတို့အနက် အများ ပြည်သူငှားသည့် အားသွင်းစက်ကိရိယာ ယူနစ် ၃ သန်း ၅ သောင်းရှိပြီး ယမန်နှစ် အလားတူ အချိန်ပိုင်း က ထက် ၄၆ ရာခိုင်နှုန်းတိုးများလာကြောင်း၊ ပုဂ္ဂလိကပိုင် အားသွင်းစက်ကိရိယာ ယူနစ် ၆ သန်း ၈သိန်း ၇ သောင်းရှိပြီး ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၆၁ ရာခိုင်နှုန်း တိုးများလာကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အရေအတွက်အများဆုံး၊ ဝန်ဆောင်မှု အကျယ်ပြန့်ဆုံးနှင့် အမျိုးအစား  အများဆုံး လျှပ်စစ်ဓာတ်အား အားသွင်းအခြေခံ အဆောက်အအုံစနစ်ကို တည်ဆောက် ထားပြီ ဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်၏ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။