တရုတ်လျှပ်စစ်ကားများကို ဈေးနှုန်းချိုသာစွာဖြင့် ဥရောပဈေးကွက်သို့ ပုံအောရောင်းချနေသည်မှာ မမှန်ပါ ဟု ဂျာမန်မီဒီယာဆို

(GMT+08:00)2024-06-28 14:02:58  

ဂျာမနီနိုင်ငံမှ "Frankfurter Allgemeine Zeitung" သတင်းစာသည် ဇွန်လ၂၇ ရက်နေ့၌ "လျှပ်စစ်ယာဉ်များကို ခေါင်းအေးအေးဖြင့် ရှုမြင်ခြင်း" ခေါင်းစဉ်ဖြင့် ဆောင်းပါးဖော်ပြပြီး "တရုတ်လျှပ်စစ်ကားများကို ဈေးနှုန်းချိုသာစွာဖြင့် ဥရောပဈေးကွက်သို့ ပုံအောရောင်းချနေသည်" ဟူသော ပြောဆိုချက်သည် အဖြစ်မှန်နှင့်မကိုက်ညီကြောင်း၊  အီးယူသည် တရုတ်လျှပ်စစ်ကားများအပေါ် အခွန်တိုးကောက်ခြင်းသည် ကုန်သွယ်ရေး အငြင်းပွားမှုကို နှိုးဆွသည့် အန္တရာယ်ရှိပြီး ‌အမြော်အမြင် မရှိကြောင်း ဖော် ပြထားပါသည်။

တရုတ်လျှပ်စစ်ကားများသည် ချိုသာသော ဈေးနှုန်းနှင့် မမျှတသောနည်းဖြင့် ဥရောပဈေးကွက်သို့ လွှမ်းမိုးခြင်း မပြု ကြောင်း၊ ဂျာမနီရှိ တရုတ်ကားများ၏ ဈေးကွက်ဝေစုသည် 1% ခန့်ရှိပြီး ယင်းသည် "ပိုလွန်သည်"ဟု လုံးဝမပြောနိုင်ကြောင်း ဆောင်းပါးတွင် ထောက်ပြထားသည်။