ရှီကျင့်ဖိန်သည် တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ၁၅ကြိမ်မြောက် ဆွေးနွေးပွဲကို ကြီးမှူးကျင်းပ

(GMT+08:00)2024-06-28 14:40:15  

တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့သည် ယခုလ ၂၇ရက်နေ့ ညနေပိုင်းတွင် ပါတီဝင်များအား ဘက်စုံ တင်းကျပ်စွာ စီမံအုပ်ချုပ်ရေး စနစ်ကို ပြီးပြည့်စုံစေရေးနှင့် ပတ်သက်၍ ၁၅ကြိမ်မြောက် ဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။ ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်က ဆွေးနွေးပွဲကို ကြီးမှူးကျင်းပရာ၌ ခေတ်ကာလသစ်တွင် ပါတီ တည်ဆောက်ရေးသည် ပါတီ၏ နိုင်ငံရေး တည်ဆောက်မှုကို ဦးဆောင်မှု အဖြစ် ထားပြီး ပါတီ တည်ဆောက်မှု လုပ်ငန်း အရပ်ရပ်ကို တွန်းအားပေးသည့် စည်းစနစ်ကျသော လုပ်ငန်း ဖြစ်ကြောင်း၊ ပါတီ တည်ဆောက်ရေး ဆိုင်ရာ ပါတီ ဗဟို ကော်မတီ၏ အရေးကြီး အတွေးအခေါ်နှင့် ပါတီ၏ ကိုယ့်ကိုယ်ကိုယ် တော်လှန်ရေး ဆိုင်ရာ အရေးကြီး အတွေးအခေါ်ကို အခြေခံ အထောက်အပံ့များ အဖြစ် ထားပြီး ပါတီ၏ ဘက်စုံ ဦးဆောင်မှုနှင့် ပါတီ ဗဟိုကော်မတီ၏ စုစည်းဦးဆောင်မှုကို စွဲကိုင်မြှင့်တင်ကာ ခေတ်ကာလသစ်တွင် ပါတီ တည်ဆောက်ရေး၏ အထွေထွေ တောင်းဆိုချက်ကို ကျင့်သုံး ဖော်ဆောင်၍ ပါတီဝင်များအား ဘက်စုံ တင်းကျပ်စွာ စီမံအုပ်ချုပ်ရေး စနစ်ကို တစ်ဆင့်တိုး ပြီးပြည့်စုံစေရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့ပါသည်။