လုံခြုံရေးဆိုင်ရာ သတောတူစာချုပ်ကို ဥရောပသမဂ္ဂ နှင့် ယူကရိန်း တို့ လက်မှတ်ရေးထိုး

(GMT+08:00)2024-06-28 11:20:20  

ဇွန်လ ၂၇ ရက်နေ့က ဘရပ်ဆဲလ် မြို့တွင် ဥရောပသမဂ္ဂထိပ်သီးအစည်းအဝေး ကျင်းပစဉ် အတောအတွင်း ဥရောပသမဂ္ဂနှင့် ယူကရိန်းနိုင်ငံတို့သည် လုံခြုံရေးဆိုင်ရာ သတောတူ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ဥရောပသမဂ္ဂသည် လက်နက် လွှဲပြောင်းပေးအပ်ရေးနှင့် စစ်ရေးလေ့ကျင့်မှုစသည့်နယ်ပယ် ၉ခုတွင် ယူကရိန်း နိုင်ငံအား ထောက်ပံ့မှု ပေးမည်ဟု ကတိပြုခဲ့ပါသည်။

ဥရောပကောင်စီဥက္ကဋ္ဌ Charles Michel ၊ ဥရောပသမဂ္ဂကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen နှင့် ယူကရိန်းနိုင်ငံသမ္မတ Volodymyr Zelensky တို့သည် ဇွန်လ ၂၇ ရက်နေ့က ၄င်းသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။
    ထိုနေ့တွင် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သည့် လစ်သူယေးနီးယားနှင့် အက်စ်တိုးနီးယား နှစ်နိုင်ငံတို့သည် ယူကရိန်းနိုင်ငံနှင့် အလားတူသဘောတူစာချုပ်ကို လည်း အသီးသီးလက်မှတ်ရေးထိုးခဲ့ပါသည်။ ယခင်ကလည်း အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမဏီအပါအဝင် အနောက်တိုင်းနိုင်ငံများသည် ယူကရိန်းနိုင်ငံနှင့် အလားတူ သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။