တရုတ်-ဗီယက်နမ် မဟာဗျူဟာမြောက် လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ

(GMT+08:00)2024-06-28 11:15:23  

တရုတ်-ဗီယက်နမ် မဟာဗျူဟာမြောက် လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက် အအုံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲကို ဇွန်လ ၂၇ ရက်နေ့က ဘေးကျင်မြို့တွင် ကျင်းပခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ကျန်ကိုချင် သည် ဆွေးနွေးပွဲသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါသည်။
    ကျန်ကိုချင် က တရုတ်နိုင်ငံအနေဖြင့် ဗီယက်နမ်နိုင်ငံနှင့်အတူ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန် နှင့် အထွေထွေအတွင်းရေးမှူး ငုယင်ဖူရွန် တို့မှ အတူတူချမှတ် ခဲ့သည့် အရေးကြီးသော သဘောတူညီမှုများကို ကောင်းမွန်အောင် အကောင်အထည်ဖော်ပြီး လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အအုံ အပြန်အလှန်ဆက်သွယ်ရေးကို အလျင်အမြန် အကောင်အထည်ဖော်ကာ နှစ်နိုင်ငံအကြား စီးပွားကုန်သွယ်ရေး ကူးလူး ဖလှယ်မှုများကို မြှင့်တင်၍ မဟာဗျူဟာမြောက်အဓိပ္ပာယ်ရှိသော တရုတ်-ဗီယက်နမ် ကံကြမ္မာတူအသိုက်အဝန်းကို တည်ဆောက်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။
    ဗီယက်နမ်ဝန်ကြီးချုပ် ဖန်မင်ချင်း သည် ဆွေးနွေးပွဲသို့ တက်ရောက်ပြီး အမှာစကား ပြောကြားရာတွင် ဗီယက်နမ်နိုင်ငံအနေဖြင့် နှစ်ပါတီထိပ်သီးခေါင်းဆောင်များမှ ချမှတ် ခဲ့သည့် အရေးကြီးသော သဘောတူညီမှုများ၏ ဦးဆောင်မှုအောက်တွင် လမ်းပန်း ဆက်သွယ်ရေး ချိတ်ဆက်မှုဖြင့် စီးပွားရေးချိတ်ဆက်မှုကို တွန်းအားပေးပြီး အပြန်အလှန်အကျိုးရှိစေသော ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေ၍ နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူပြုကာ နှစ်နိုင်ငံပြည်သူများအား အကျိုးခံစားစေရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ ပါသည်။