တောင်ကိုရီးယား၊ အမေရိကန်နှင့် ဂျပန်တို့သည် ၃ ရက်ကြာမည့် ပထမဆုံးအကြိမ် Freedom Edge ပူးတွဲ စစ်ရေး လေ့ကျင့်မှုကို ဇွန်လ ၂၇ ရက်နေ့က Jeju ကျွန်း တောင်ဘက် ပင်လယ်ပြင်၌ ကျင်းပခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီးချုပ်ဌာနမှ ထိုနေ့တွင် ကြေညာခဲ့သည်။
အမေရိကန်မှ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင် သင်္ဘော USS Theodore Roosevelt အပါအဝင် တောင်ကိုရီးယား၊ အမေရိကန်နှင့် ဂျပန်မှ စစ်သင်္ဘောများနှင့် စစ်လေယာဉ် မျိုးစုံတို့သည် ယင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ပါဝင်မည်ဖြစ်ကြောင်း တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီးချုပ်ဌာနမှ ပြောကြားခဲ့ကြောင်း သတင်းအရ သိရှိရ သည်။