ယခုနှစ် မေလမှစပြီး ကက်စပီယန် ဖြတ်ကျော်သော တရုတ်-ဥရောပ (အာရှ) ရထားသည် နေ့စဉ် ပြေးဆွဲလျက်ရှိ

(GMT+08:00)2024-06-27 16:23:16  

ယခုနှစ်တွင် ကက်စပီယန် ဖြတ်ကျော်သော တရုတ်-ဥရောပ (အာရှ) ရထား ပေါင်း ၁၀၀ ကျော် ပြေးဆွဲခဲ့ပြီး ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၁၀ ဆကျော် တိုးများ လာကြောင်း၊ အထူးသဖြင့် မေလမှစပြီး ကက်စပီယန် ဖြတ်ကျော်သော တရုတ်-ဥရောပ (အာရှ) ရထားသည် နေ့စဉ် တစ်စင်းထက်မနည်း ပြေးဆွဲပြီး နေ့စဉ် ပြေးဆွဲမှုများ တည်ငြိမ်စွာ လည်ပတ်နေကြောင်း တရုတ် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်မှ သိရပါသည်။

ဆက်လက်ပြီး တရုတ် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် သည် အမျိုးသား မီးရထား အုပ်စုအပါအဝင် သက်ဆိုင်ရာ လုပ်ငန်းဌာနများနှင့်အတူ ကက်စပီယန် တစ်လျှောက်ရှိ နိုင်ငံများနှင့် ညှိနှိုင်းဆွေးနွေးပြီး သက်ဆိုင်ရာ အခြေခံ အဆောက် အအုံများ ပိုမိုကောင်းမွန်စေရန်၊ အကောက်ခွန် ရှင်းလင်းရေး လုပ်ငန်းများ ပိုမို လွယ်ကူ စေရန် နှင့် သယ်ယူပို့ဆောင်မှု ကုန်ကျစရိတ်များ ပိုမို လျော့နည်းစေရန် ဆောင်ရွက် မည် ဖြစ် ကြောင်း သတင်းအရ သိရပါသည်။