သြစတြေးလျနိုင်ငံသား ၂၇ ဦးနှင့် နယူးဇီလန်နိုင်ငံသား ၃၆ ဦးတို့ကို ပြည်ဝင်ခွင့် ပိတ်ပင်ထားကြောင်း ရုရှားက ကြေညာ

(GMT+08:00)2024-06-27 16:25:11  

သြစတြေးလျနှင့် နယူးဇီလန်တို့ ချမှတ်ထားသော ရုရှားဆန့်ကျင်ရေးမူဝါဒများကို တုံ့ပြန်သည့်အနေဖြင့် ရုရှားနိုင်ငံမှ သြစတြေးလျနိုင်ငံသား ၂၇ ဦးနှင့် နယူးဇီလန်နိုင်ငံသား ၃၆ ဦးတို့အား ဝင်ရောက်ခြင်းမပြုရန် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၂၆ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အထက်ဖော်ပြပါ ဝင်ခွင့် တားမြစ်ထားသော ပုဂ္ဂိုလ်များတွင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ သြဇာကြီးသော အဖွဲ့အစည်း အကြီးအကဲများ၊ ကုမ္ပဏီ အကြီးအကဲများ၊ တက္ကသိုလ် ဆရာများ၊ သတင်းထောက်များ ပါဝင်သည်ဟုသိရသည်။