ရှီကျင့်ဖိန် သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အစည်း အဝေးကို ကြီးမှူးကျင်းပ

(GMT+08:00)2024-06-27 16:21:22  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အစည်းအဝေးကို ဇွန်လ ၂၇ ရက်နေ့တွင် ကျင်းပရာ ပြုပြင်ပြောင်းလဲရေးဘက်စုံဇောက်ချပြုလုပ်ရေး၊ တရုတ်အသွင် ပုံစံခေတ်မီရေးစသည်တို့ကို လေ့လာခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန် သည် အစည်းအဝေးကို ကြီးမှူးကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ဗဟိုကော်မတီ တတိယ အကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးကို ဇူလိုင်လ ၁၅ရက်နေ့မှ ၁၈ ရက်နေ့အထိ ဘေးကျင်မြို့တွင် ကျင်းပမည်ဟု ဆုံးဖြတ်လိုက်ကြောင်း သိရှိရသည်။