ဗီယက်နမ်ကို တရုတ်နိုင်ငံ၏ အိမ်နီးနားချင်း သံတမန်ဆက်ဆံရေးတွင် ဦးစားပေးအဖြစ် အမြဲတန်း သတ် မှတ်ဟု ရှီကျင့်ဖိန်ဆို

(GMT+08:00)2024-06-27 16:21:54  

ဇွန်လ ၂၆ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် Summer Davos ဖိုရမ်သို့ တက် ရောက်ရန် တရုတ်ပြည်သို့ ရောက်ရှိ နေသော ဗီယက်နမ်ဝန်ကြီးချုပ် Phạm Minh Chính နှင့် ပေကျင်း ပြည်သူ့ ခန်းမဆောင်ကြီး၌ တွေ့ဆုံးခဲ့ပါသည်။

ရှီကျင့်ဖိန်က ဗီယက်နမ်နိုင်ငံအား တရုတ်နိုင်ငံ၏ အိမ်နီးနားချင်းနိုင်ငံများနှင့် သံတမန်ဆက်ဆံရေးတွင် ဦးစားပေးအဖြစ် အမြဲတမ်း မှတ်ယူထားကြောင်း၊ ဗီယက်နမ်နိုင်ငံအား ၎င်း၏ ထူးခြားချက် ဝိသေသနှင့် ကိုက်ညီသော ဆိုရှယ်လစ်လမ်းကြောင်းကို လျှောက်လှမ်းရန် အခိုင်အမာထောက်ခံကြောင်း၊ တရုတ်နိုင်ငံသည် ဗီယက်နမ်နှင့်အတူ တရုတ်-ဗီယက်နမ် ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးကို အရေးပါသော လုပ်ငန်းစဉ်အဖြစ်ထားပြီး "ပိုမိုကောင်းမွန်းမှု ခြောက်ခု" (ပိုမိုမြင့်တက်သော နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု၊ ပိုမိုလက်တွေ့ကျသော လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု၊ ပိုမိုနက်ရှိုင်းသော လက်တွေ့ကျ သည့် ပူးပေါင်းဆောင်ရွက်မှု၊ ပိုမိုခိုင်မာသော အများပြည်သူ၏ သဘေားထားဆန္ဒ ဖောင်းဒေးရှင်း၊ ပိုမိုနီးကပ်သော ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုနှင့် ညှိနှိုင်းမှု၊ သဘောကွဲလွဲမှုများကို ပိုမိုကောင်းမွန်စွာ စီမံထိန်းချုပ်မှု)ဟူသော ယေဘုယျ ရည်ရွယ်ချက်ကို အခြေခံကာ ကူးလူးဆက်ဆံမှုနှင့် အပြန်အလှန်လေ့လာမှုကို အားကောင်း စေရန်နှင့် အပြန်အလှန်အကျိုးရှိစေသော ပူးပေါင်းဆောင်ရွက်ရေးကို နက်ရှိုင်းစေရန် ဆောင်ရွက်လို ကြောင်း၊ ဗီယက်နမ်နှင့်အတူ ခေတ်မီ တိုးတက်ရေးလမ်းကြောင်းကို လက်တွဲ လျှောက်လှမ်းရန်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးတို့အတွက် ပိုမို အကျိုးပြုရန် ဆောင်ရွက်လိုကြောင်း ပြောကြား ခဲ့ပါသည်။