ဇန်နဝါရီလမှ မေလအထိ တရုတ်ပြည် တစ်ပြည်လုံးရှိ အတိုင်းအတာ အသင့်အတင့်ရှိသည့် စက်မှုလုပ်ငန်းများ၏ စုစုပေါင်းအမြတ်သည် လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၃.၄ ရာခိုင်နှုန်း တိုးလာသည်ဟု တရုတ်နိုင်ငံ စာရင်းအင်းဌာနမှ ထုတ်ပြန်

(GMT+08:00)2024-06-27 16:22:21  

ဇန်နဝါရီလမှ မေလအထိ တရုတ်ပြည် တစ်ပြည်လုံးရှိ အတိုင်းအတာ  အသင့်အတင့်ရှိသည့် (နှစ်စဉ်အဓိကလုပ်ငန်းဝင်ငွေ ယွမ် သန်း ၂၀ ထက်ရရှိသော) စက်မှုလုပ်ငန်းများ၏ စုစုပေါင်းအမြတ်မှာ ယွမ် ၂၇၅၄.၃၈ ဘီလီယံဖြစ်ပြီး လွန်ခဲ့သည့်နှစ် အလားတူအချိန်ပိုင်းကထက် ၃.၄ ရာခိုင်နှုန်း တိုးလာပါသည်။

ဇန်နဝါရီလမှ မေလအထိ အတိုင်းအတာ  အသင့်အတင့်ရှိသည့် စက်မှု လုပ်ငန်းများတွင် နိုင်ငံတော်ပိုင် လုပ်ငန်းကုမ္ပဏီများမှ စုစုပေါင်းအမြတ်ငွေ ယွမ် ၉၄၃.၈၄ ဘီလီယံရရှိခဲ့ပြီး လွန်ခဲ့သည့်နှစ် အလားတူအချိန်ပိုင်းကထက် ၂.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပါကြောင်း၊ အစုရှယ်ယာလုပ်ငန်း ကုမ္ပဏီများ စုစုပေါင်းအမြတ်ငွေ ယွမ် ၂၀၅၁.၀၅ ဘီလီယံအထိ ရရှိခဲ့ပြီး ၁ ရာခိုင်နှုန်း တိုးတက်လာကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် ဟောင်ကောင်၊ မကာအိုနှင့် ထိုင်ဝမ်မှ ရင်းနှီး မြှုပ်နှံသည့်လုပ်ငန်းကုမ္ပဏီ များသည် စုစုပေါင်းအမြတ်ငွေ ယွမ် ၆၈၂.၇၈ ဘီလီယံရရှိခဲ့ပြီး ၁၂.၆ ရာခိုင်နှုန်း တိုး တက်လာကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းကုမ္ပဏီများသည် စုစုပေါင်းအမြတ်ငွေ ယွမ် ၇၃၂.၉၃ ဘီလီယံ ရရှိခဲ့ပြီး ၇.၆ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း တရုတ်နိုင်ငံ စာရင်းအင်းဌာနမှ ထုတ်ပြန် သည့် စာရင်း အရ သိရပါသည်။