တရုတ်တွင် အလိုအလျောက် ဆိပ်ကမ်း ပမာဏသည် တစ်ကမ္ဘာလုံး၏ အဆင့်တစ်နေရာ ၌ ဆက်လက်တည်ရှိ

(GMT+08:00)2024-06-27 16:22:48  

ဇွန်လ ၂၆ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးသည် သတင်း စာရှင်းလင်းပွဲ ကျင်းပခဲ့ရာ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနမှ သက်ဆိုင်ရာ တာဝန် ရှိ သူ တစ်ဦးက ယခုနှစ်တွင် တရုတ်နိုင်ငံမှ ရေကြောင်း သယ်ယူပို့ဆောင်ရေးသည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာပြီး ပင်လယ်ကမ်းရိုးတန်း၊ ကုန်းတွင်းပိုင်းမှ မြစ်ချောင်းများ၊ ပြည်တွင်းကုန်သွယ်မှုနှင့် ပြည်ပကုန်သွယ်မှု ရေကြောင်းဖြင့် ကုန်စည်ပို့ဆောင်ရေးတို့သည် တိုးတက်လျက် ရှိကြောင်း၊ ဇန်နဝါရီလမှ မေလအထိ ရေကြောင်းဖြင့် ကုန်စည်ပို့ဆောင်ရေး ပမာဏမှာ တန်ချိန် ၃.၈၆ ဘီလီယံ ရှိပြီး ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၇ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း၊ ဆိပ်ကမ်းမှ ကွန်တိန်နာ အတင်အချ ပမာဏမှာ TEU(စံချိန်မီကွန်တိန်နာ) သန်းပေါင်း ၁၃၀ ကျော်ရှိပြီး ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၈.၈ ရာခိုင်နှုန်း တိုးများလာကြောင်း၊ တရုတ်နိုင်ငံ၏ ဆိပ်ကမ်း အလိုအလျောက် လည်ပတ်မှု ဆိုင်ရာ နည်းပညာအဆင့်နှင့် အသုံးချမှု ပမာဏတို့သည် ယေဘုယျအားဖြင့် ကမ္ဘာပေါ်တွင် ရှေ့တန်းရောက်နေပြီဖြစ်ကြောင်း၊ ယခုနှစ် ပထမနှစ်ဝက်ပိုင်းတွင်၊ တရုတ်နိုင်ငံ၌ အကြီးစား အလိုအလျောက် ဆိပ်ကမ်း ၇ ခုကို အသစ် တည်ဆောက်ခဲ့ပြီး တည်ဆောက်ဆဲနှင့် တည်ဆောက်ပြီးစီးသည့်  အလိုအလျောက် ဆိပ်ကမ်း ပမာဏသည် တစ်ကမ္ဘာလုံး၏ အဆင့်တစ်နေရာကို ထိန်းထားနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။