ဒေသစံတော်ချိန် ဇွန်လ ၂၆ ရက်နေ့တွင် ယူကရိန်းသမ္မတ Zelensky သည် ယူကရိန်းတွင် အင်္ဂလိပ် ဘာသာစကားကို နိုင်ငံတကာဆက်သွယ်ရေးဘာသာစကားအဖြစ် တရားဝင်သတ်မှတ်ပေးမည့် အမိန့်ကို လက်မှတ်ရေးထိုးခဲ့သည်။
ယူကရိန်းအစိုးရနှင့် ဒေသန္တရအဖွဲ့အစည်းများမှ ပညာရေး၊ ယဉ်ကျေးမှု၊ လမ်းပန်းဆက်သွယ်ရေး၊ဆေးဝါးကုသရေး၊ ကျန်းမာရေးစသည့်နယ်ပယ်များတွင် အင်္ဂလိပ်ဘာသာစကားအသုံးပြုမှုဆိုင်ရာ စံနှုန်းများကို သတ်မှတ်ပေးထားပြီး ယူကရိန်းရှိ ရာထူးအချို့၏ အရွေးခံရန်ပုဂ္ဂိုလ်များအတွက် လိုအပ်သော အင်္ဂလိပ်စာ ကျွမ်းကျင်မှု အမျိုးအစားကိုလည်း သတ်မှတ်ပေးထားကြောင်း သတင်းရရှိပါသည်။ .