နွေရာသီ ဒါဗိုစ် ဖိုရမ်တွင် တက်ရောက်သူများသည် “တရုတ် အခွင့်အလမ်းသစ်”များကို အကြိတ်အနယ် ဆွေးနွေးကြ

(GMT+08:00)2024-06-27 17:18:37  

ယခုလ ၂၅ရက်နေ့မှ ၂၇ရက်နေ့ အထိ တရုတ် နိုင်ငံ တာ့လျန်မြို့တွင် ကျင်းပနေသည့် နွေရာသီ ဒါဗိုစ် ဖိုရမ်သည် တစ်ကမ္ဘာလုံးမှ နိုင်ငံနှင့် ဒေသ ၁၀၀ကျော်မှ နိုင်ငံရေး၊ စီးပွား ကုန်သွယ်ရေးနှင့် ပညာရှင် လောကမှ လူပုဂ္ဂိုလ် ၁၇၀၀ကျော်ကို တက်ရောက်ရန် ဆွဲဆောင် ပါသည်။ ယခုအကြိမ် ဖိုရမ်၏ အတိုင်းအတာ၊ ကျင်းပသည့် အစည်းအဝေးများ၏ အရေ အတွက်နှင့် တက်ရောက်ကြသည့် ဧည့်သည်တော်များ ဦးရေတို့သည် စံချိန်သစ် တင်ခဲ့ ပါသည်။ ဖိုရမ်သို့ တက်ရောက်သူများက တရုတ် စီးပွားရေး ပြန်လည်တိုးတက် ကောင်း မွန်လာခြင်း အတွက် အားကောင်းသော တွန်းအားကို ဖြစ်စေ ပြီး နိုင်ငံများစွာမှ လုပ် ငန်း ကုမ္ပဏီများကို တရုတ် ဈေးကွက်တွင် တစ်ဆင့်တိုး လုပ်ကိုင်ဆောင်ရွက်ရန် ဆွဲဆောင် နေကြောင်း ချီးကျူးပြောဆို ခဲ့ကြပါသည်။

ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အဓိက အင်ဂျင် ဖြစ်သည့် အနေဖြင့် တရုတ် နိုင်ငံနှင့် အခြား ထွန်းသစ်စ စီးပွားရေး အုပ်စုများသည် ကမ္ဘာ့ စီးပွားရေး စနစ်တွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေပါသည်။ အခက်အခဲများကို ဖြေရှင်း ကျော်လွှားပြီး အခွင့်အလမ်းများကို လက်လွတ်မခံဘဲ အနာဂတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အချက်သစ်များကို ဖန်တီးရန် မည်သို့ ဆောင်ရွက်မည်နည်း။ တရုတ်ဘက်မှ အဆိုပြုချက် ၄ချက်ကို တင်ပြခဲ့ပါသည်။ ယင်းအဆိုပြုချက် ၄ချက်မှာ သိပ္ပံနည်းပညာ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ မြစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံ အုတ်မြစ် ကို ခိုင်မာစေရန်၊ တံခါးဖွင့်မှု ရှိသော ဈေးကွက် ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ရန်နှင့် အားလုံးပါဝင်ပြီး အကျိုးရရှိနိုင်သည့် ဖွံ့ဖြိုးတိုးတက်မှုကို တိုးမြှင့်ရန်တို့ ပါဝင်ပါသည်။

ဆန်းသစ်တီထွင်ရေး၊ မြစိမ်းရောင်၊ တံခါးဖွင့်မှုနှင့် အတူမျှဝေခံစားရေးကို ကိုယ်စားပြု နိုင်သော ယင်းကြံဆချက်များသည် ဘက်အသီးသီးတို့၏ လက်တွဲပြီး ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းသစ်များကို ဖန်တီးကြရန် လိုအပ်ချက်နှင့် လိုက်လျောညီထွေ ဖြစ်ပြီး စီးပွားရေး ဥပဒေသနှင့် တစ်ကမ္ဘာလုံး ဖွံ့ဖြိုးတိုးတက်ရေး ရေစီးကြောင်းနှင့်လည်း ကိုက်ညီကြောင်း ယခုအကြိမ် ဖိုရမ်သို့ တက်ရောက်သူများက ယူဆကြပါသည်။ သို့သော် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို အကောင်အထည် ဖော်ဆောင်ရန် အတွက် ကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှု ကြံဆချက်များကို လိုအပ်သည့် အပြင်၊ လက်တွေ့ကျသော တွန်းအားပေးမှုကိုလည်း လိုအပ် ပါသည်။ ဖိုရမ်ကို ကျင်းပစဉ် အတောအတွင်း တက်ရောက်သူများက တရုတ် နိုင်ငံသည် အတိုင်းအတာ အလွန်ကြီးမားသော ဈေးကွက် ရှိကြောင်း၊ တရုတ် နိုင်ငံသည် အဆင့်မြင့် တံခါးဖွင့်မှုကို အဆက်မပြတ် တိုးချဲ့ဆောင်ရွက်နေကြောင်း၊ တရုတ် နိုင်ငံသည် စက်မှု လုပ်ငန်းစနစ်၊ လူရည်ချွန်နှင့် ဆန်းသစ်တီထွင်ရေး ဆိုင်ရာ အားသာချက်များ ရှိကြောင်း၊ တရုတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် ကမ္ဘာ့ စီးပွားရေး အတွက် အားကောင်းသော တွန်းအားကို ဆက်တိုက် ဖော်ဆောင်ပေးနေကြောင်း ပြောကြားခဲ့ပါသည်။