တောင်ကိုရီးယားမီးလောင်မှုဘေးတွင် တရုတ်နိုင်ငံသား အမြောက်အများ သေဆုံးခဲ့ပြီး အခင်းဖြစ်ပွားသည့်အကြောင်းရင်းကို အမြန်ဆုံး စုံစမ်းစစ်ဆေးရန် တရုတ်က တောင်းဆို

(GMT+08:00)2024-06-26 14:38:05  

ဇွန်လ ၂၄ရက်နေ့က တောင်ကိုရီးယား ဘက်ထရီစက်ရုံမီးလောင်မှုကြောင့် လူ ၂၂ ဦး သေဆုံးခဲ့ကြောင်း၊ ပဏာမအချက်အလက်အရ သေဆုံးသူများတွင် တရုတ်နိုင်ငံသား ၁၇ ဦးပါရှိကြောင်း၊ အခြား အသေးစိတ်အကြောင်းအရာများကို ထပ်မံအတည်ပြုရန် လိုအပ်ပါကြောင်း တောင်ကိုရီးယားမှ သတင်းအရ သိရပါသည်။ ယင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က တရုတ်အစိုးရသည် ယင်းမီးလောင်မှုကြောင့် တရုတ်နိုင်ငံသားများ ပြင်းထန်စွာ သေဆုံးဒဏ်ရာရရှိမှုများကို လွန်စွာ အလေးထားပြီး အခင်းဖြစ်ပွားသည့် အကြောင်းရင်းကို အမြန်ဆုံး စုံစမ်းစစ်ဆေးရန် တောင်ကိုရီးယားဘက်အား တောင်းဆိုလိုက်ပြီဖြစ်ကြောင်း၊ မိမိတို့သည် နောက်ဆက်တွဲလုပ်ငန်များကို အစွမ်းကုန်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ယမန်နေ့ ၂၅ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ပါသည်။