Chang'e-6 မစ်ရှင်သည် "တော်လှသော အောင်မြင်မှု" ဖြစ်သည်ဟု ကုလသမဂ္ဂ ချီးကျူး

(GMT+08:00)2024-06-26 14:32:31  

ဇွန်လ ၂၅ရက်နေ့တွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ Dujarric က Chang'e-6 မစ်ရှင်ကို အောင်မြင်စွာ ဆောင်ရွက်ခြင်းသည် "တော်လှသော အောင်မြင်မှု" ဖြစ်ပြီး ယင်းသည် အာကာသအခန်းဏ္ဍတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု၏ ကြီးမြတ်သည့် သရုပ်သဏ္ဍာန်တစ်ခုဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။

၂၀၂၄ ခုနှစ် ဇွန်လ ၂၅ရက်နေ့ မွန်းလွဲ ၂နာရီ ၇ မိနစ်တွင် Chang'e-6 ပြန်လာသည့် ယာဉ်သည် အတွင်းမွန်ဂိုး Siziwang Banner ရှိ ကြိုတင်သတ်မှတ်ထားသောနေရာသို့ အတိအကျ ဆင်းသက်ခဲ့ပြီး ပုံမှန်လည်ပတ်ကာ ယင်းသည် Chang'e-6 မစ်ရှင် အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခြင်းကို အမှတ်အသားပြုခဲ့ပြီး ပထမဆုံးကြိမ် လကမ္ဘာ ၏နောက်ကျောဘက်မှ နမူနာကို သယ်ဆောင်ပြီး မြေကမ္ဘာသို့ ပြန်လည်ရောက်ရှိရန် အကောင်အထည်ဖော်ဆောင်ခြင်း ဖြစ်ပါသည်။