ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနသည် တန်ပြန်ဆောင်ရွက်မှုများ ပြုလုပ်ပြီး ရုရှားရှိ EUမှ မီဒီယာအချို့၏ သတင်းထုတ်ပြန်မှုကို ကန့်သတ်မည်ဟု ကြေညာ

(GMT+08:00)2024-06-26 14:31:09  

ဒေသစံတော်ချိန် ဇွန်လ ၂၅ ရက်နေ့က ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနသည် တန်ပြန်ဆောင်ရွက်မှုများ ပြုလုပ်ပြီး ရုရှားရှိ EUမှ မီဒီယာအချို့၏ သတင်းထုတ်ပြန်မှုနှင့် ဖြန့်ချိမှုကို ကန့်သတ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

မေလ ၁၇ ရက်နေ့က ဥရောပသမဂ္ဂ ကောင်စီသည် RIA Novosti ၊ Novye Izvestia နှင့် Rossiyskaya Gazeta စသည့် ရုရှား မီဒီယာ ၃ ခုအား EUတွင် သတင်းထုတ်ပြန်မှုကို တားမြစ်ပိတ်ပင်ကြောင်း၊ ယင်းဆုံးဖြတ်ချက်သည်  ဇွန်လ ၂၅ ရက်နေ့တွင် အသက်ဝင်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။