EUမှ တရုတ်ကုမ္ပဏီ ၁၉ ခု အပေါ် အရေးယူပိတ်ဆို့မှုနှင့်ပတ်သက်ပြီး တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက တုံ့ပြန်ကာ EUအား တည်ကြည်လေးနက်စွာ အရေးဆို

(GMT+08:00)2024-06-26 14:30:39  

ဇွန်လ ၂၅ ရက်နေ့တွင် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင် က ပုံမှန် သတင်းစာ ရှင်းလင်းပွဲကို ဦးစီးကျင်းပခဲ့ရာ သတင်းထောက်တစ်ဦးက တရုတ်ကုမ္ပဏီ ၁၉ ခုအပေါ် EUရဲ့ အရေးယူမှု ချမှတ်ထားခြင်းနှင့်ပတ်သက်ပြီး မေးမြန်းခဲ့သည်။

မော်နင်က တရုတ်နိုင်ငံသည် နိုင်ငံတကာဥပဒေမှ အထောက်အထားနှင့်  ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ခွင့်ပြုချက် မရှိဘဲ တစ်ဖက်သတ် အရေးယူမှုများကို အစဉ်တစ်စိုက် ဆန့်ကျင်ပြီး EUအား တည်ကြည်လေးနက်စွာ အရေးဆိုခဲ့ပြီဖြစ်ကြောင်း၊ တရုတ်နှင့် ရုရှား စီးပွားရေးလုပ်ငန်းများသည် ပုံမှန် ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်ကြပြီး တတိယဘက်ကို မရည်စူးဘဲ တတိယဘက်မှ နှောင့်ယှက်ခြင်းနှင့် ထိခိုက်ခြင်း မခံသင့်ကြောင်း၊ မိမိတို့သည် EUအနေနှင့် အရေးယူပိတ်ဆို့မှုကို ရုပ်သိမ်းရန် ပန်ကြားပြီး တရုတ် စီးပွားရေးလုပ်ငန်းများ၏ တရားမျှတသော အခွင့်အရေးနှင့် အကျိုးစီးပွားများကို ပြတ်ပြတ်သားသား ကာကွယ်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။