တရုတ်နိုင်ငံသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ် ထုတ်ပြန်ခဲ့ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို ပြုလုပ်မည်

(GMT+08:00)2024-06-26 14:29:53  

 တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ယခုနှစ်သည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်ကို ထုတ်ပြန်ခဲ့ခြင်း နှစ် ၇၀ ပြည့်မြောက်သည့်နှစ် ဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ် ၇၀ တုန်းက တရုတ် ဝန်ကြီးချုပ် ချူအင်လိုင်းသည် အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ပြည့်စုံမှုကို အပြန်အလှန် လေးစားရေး၊ တစ်ဦးကို တစ်ဦးက မကျူးကျော်ရေး၊ တစ်ဦးက တစ်ဦး၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှု မပြုလုပ်ရေး၊ တန်းတူရည်တူ အပြန်အလှန် အကျိုးရှိစေရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်ကို ပထမဆုံးအကြိမ် ပြည့်စုံစွာ ဖော်ပြ ခဲ့ကြောင်း၊ လွန်ခဲ့သည့် နှစ် ၇၀ အတွင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ငါးရပ်သည် နိုင်ငံတကာ ဆက်ဆံမှု အခြေခံမူနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေများ၏ အခြေခံမူ ဖြစ်လာခဲ့ပြီ ဖြစ်ကြောင်း၊ အခြေအနေသစ်တွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်ကို ဆက်ခံ ထွန်းကားစေရန်နှင့် မျက်မှောက် ကမ္ဘာကြီးတွင် အကျပ်အတည်း စိန်ခေါ်မှုများကို လက်တွဲ ရင်ဆိုင်ရန်အတွက် တရုတ်နိုင်ငံသည် ဇွန်လ ၂၈ ရက်နေ့တွင် ဘေကျင်း၌ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ် ထုတ်ပြန်ခဲ့ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို ပြုလုပ်မည် ဖြစ်ကြောင်း ၂၅ ရက်နေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။