ရှီကျင့်ဖိန်သည် ကျဲ့ကျန်းပြည်နယ် လိရွှေမြို့ ကျင်နင် Sheလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်မှ ပါတီ ကော်မတီနှင့် အစိုးရ ကေဒါခေါင်းဆောင်များနှင့် ပြည်သူလူထုထံသို့ စာပြန်

(GMT+08:00)2024-06-26 16:30:41  

မကြာခင်က တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် ကျဲ့ကျန်းပြည်နယ် လိရွှေမြို့ ကျင်နင်- Sheလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်မှ အစိုးရ ကေဒါခေါင်းဆောင်များနှင့် ပြည်သူလူထုထံသို့ ပြန်စာကို ရေးသားပြီး ကျင်နင် ခရိုင် တည်ထောင်သည့် နှစ် ၄၀ပြည့်မြောက်ခြင်း အတွက် လှိုက်လှဲစွာ ဂုဏ်ပြုကြောင်း၊ ကျင်နင်၏ ဖွံ့ဖြိုးတိုးတက်မှု အပေါ် မျှော်လင့်ချက် နှစ်နှစ်ကာကာ ထက်ထက်သန်သန် ထားရှိကြောင်း ဖော်ပြပါသည်။

ကျင်နင်- Sheလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်သည် ၁၉၈၄ခုနှစ်က တည်ထောင်ခဲ့ ခြင်း ဖြစ်ပြီး တရုတ် နိုင်ငံ တစ်နိုင်ငံလုံးတွင် တစ်ခုတည်းသော Sheလူမျိုး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ခရိုင်ဖြစ်ပါသည်။ အတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်သည် ကျဲ့ကျန်းပြည်နယ်တွင် အလုပ်လုပ်ကိုင် ခဲ့စဉ်က ကျင်နင်ကို အောက်ခြေအဆင့် လုပ်ငန်း ဆက်သွယ်ရေး နေရာ အဖြစ် ထားခဲ့ဖူးပါသည်။ တရုတ် ကွန်မြူနစ် ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး တာဝန် ထမ်းဆောင်ခဲ့သည့် နောက်ပိုင်းတွင် ရှီကျင့်ဖိန်သည် ကျင်နင်၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်၍ အရေးကြီး ညွှန်ကြားချက်များကို အကြိမ်ပေါင်းများစွာ ပြောကြားခဲ့ပါသည်။ မကြာခင်က ကျင်နင် ခရိုင် ပါတီ ကော်မတီနှင့် ခရိုင် အစိုးရတို့သည် တစ်ခရိုင်လုံး ကေဒါခေါင်းဆောင်များနှင့် ပြည်သူလူထုများ၏ ကိုယ်စား ရှီကျင့်ဖိန်ထံသို့ စာရေးသားပေးပို့ပြီး ခရိုင် တည်ထောင်ခဲ့သည့် နှစ်ပေါင်း ၄၀ အတွင်း၊ အထူးသဖြင့် ခေတ်ကာလသစ် နောက်ပိုင်းတွင် လုပ်ငန်း အရပ်ရပ်တွင် ရရှိခဲ့သော အောင်မြင်မှုများကို ဖော်ပြခဲ့ပါသည်။