“Wiki Leaks” တည်ထောင်သူ Assange သည် အမေရိကန်ပိုင် Saipanသို့ ရောက်ရှိပြီး ၎င်း၏ အမေရိကန် သူလျှိုဥပဒေကို ချိုးဖောက်ခြင်းအမှုနှင့်ပတ်သက်၍ တရားခုံရုံးတက်မည်

(GMT+08:00)2024-06-26 14:35:19  

ဒေသစံတော်ချိန် ဇွန်လ ၂၆ရက်နေ့က “Wiki Leaks” တည်ထောင်သူ Assangeသည် အမေရိကန်ပိုင် မြောက်မာရီယာနာကျွန်းစုများ Saipanမြို့တော်သို့ လေယာဉ်ဖြင့် ရောက်ရှိခဲ့ ပြီး ၎င်း၏ အမေရိကန် သူလျှိုဥပဒေကို ချိုးဖောက်ခြင်းအမှုနှင့်ပတ်သက်၍ အမေရိကန် တရားခုံရုံးတက်တော့မည်ဖြစ်ပါသည်။ “Wiki Leaks” တည်ထောင်သူ Assange သည် ၂၄ရက်နေ့က အပြစ်ရှိကြောင်း ဝန်ခံခဲ့သည်ဟု သဘောတူပြီး ထောင်ဒဏ်ကျခံရန် အမေရိကန်သို့ သွားရောက်ဖို့မလိုအပ်ကြောင်း၊ ‌အမေရိကန်မီဒီယာမှ ၂၄ရက်နေ့က ဥပဒေစာတမ်းတစ်ရပ်ကိုကိုးကား၍ ထုတ်ပြန်ခဲ့ပါသည်။