အရှေ့အလယ်ပိုင်းဒေသကို ပိုမိုကြီးမားသော ဒုက္ခများနှင့် ရင်မဆိုင်ရစေရန် တရုတ် ကိုယ်စားလှယ် ဆို

(GMT+08:00)2024-06-26 14:34:30  

   ဇွန်လ ၂၅ ရက်နေ့က ကျင်းပသော ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ပါလက်စတိုင်း- အစ္စရေး ပြဿနာဆိုင်ရာ တံခါးဖွင့်အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်း ကိုယ်စားလှယ် ဖုချုံ က တရုတ်နိုင်ငံအနေဖြင့် ဘက်အသီးသီးတို့အား ချုပ်တည်းကာ   အခြေအနေ တင်းမာမှုကို ပိုမိုဆိုးဝါးလာစေမည့် လုပ်ရပ်များကို ရှောင်ရှားရန်၊ အရှေ့အလယ်ပိုင်း ဒေသတစ်ခုလုံးကို ပိုမိုကြီးမားသော ကပ်ဆိုးကြီးထဲသို့ ဆွဲမသွင်းရန် ပြောကြားခဲ့ ပါသည်။

    ဖုချုံ က အပစ်အခတ်ကို ချက်ချင်းရပ်စဲသင့်ကြောင်း၊ အပစ်အခတ်ရပ်စဲပြီးလျှင် စစ်ပွဲကို ပြန်မစရကြောင်း၊ ၄င်းမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမှတ် ၂၇၂၈ ဆုံးဖြတ်ချက် နှင့် အမှတ် ၂၇၃၅ ဆုံးဖြတ်ချက်တို့၏ အမြုတေ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် အစ္စရေးနိုင်ငံအား နိုင်ငံတကာအသိုင်းအဝိုင်း၏ တစ်ခဲနက်တောင်းဆိုမှုကို ကြားနာပြီး ဂါဇာဒေသတွင် စစ်ရေးဆောင်ရွက်မှုများကို ချက်ချင်းရပ်စဲပြီး ဂါဇာဒေသခံတို့ အပေါ် စုပေါင်းအရေးယူမှုကို ချက်ချင်းရပ်စဲရန် တိုက်တွန်းကြောင်း ပြောကြားခဲ့ပါသည်။
    ဖုချုံ က ဂါဇာဒေသတွင် ရေရှည်အပစ်အခတ်ရပ်စဲရေး ချက်ချင်းရရှိရန်၊ “နှစ်နိုင်ငံ ဖြေရှင်းရေးနည်းလမ်း”ကို အမြန်ဆုံးပြန်စရန်၊ အရှေ့အလယ်ပိုင်းဒေသ ရေရှည် တည်ငြိမ်ငြိမ်းချမ်းရေးကို အမြန်ဆုံးရရှိရန် တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းအား လိုအပ်သော ဆောင်ရွက်မှုများမှန်သမျှကို ဆောင်ရွက်ရန် ပန်ကြား လိုက်ကြောင်း ပြောကြားခဲ့ပါသည်။