Xiao lang di ရေထိန်းသိမ်းရေးအချက်အချာနေရာ သည် စွန့်ထုတ်စီးဆင်းမှုပမာဏကို တိုးမြှင့်ပြီး၊ မြစ်ဝါမြစ် အလယ်ပိုင်းနှင့် မြစ်ကြေပိုင်း မိုးခေါင်ရေရှားမှု သက်သာစေရန် အကူ အညီပေး

(GMT+08:00)2024-06-25 12:58:47  

မကြာခင်ရက်များက Xiao lang di ရေထိန်းသိမ်းရေးအချက်အချာနေရာသည် အရေးပေါ် မိုးခေါင်ရေရှားမှု ကယ်ဆယ်ရေးအတွက် မြစ်ကြေပိုင်းသို့ လမ်းကြောင်း ပြောင်းရန်  သဲရေဆင်း လိုဏ်ခေါင်းနှစ်ခုကို ဖွင့်လှစ်ခဲ့ပါသည်။ ယခုအကြိမ် အရေးပေါ် မိုးခေါင် ရေရှားမှုကယ်ဆယ်ရေး ဆောင်ရွက် မှုသည် ၈ ရက် ကြာမည်ဖြစ်ပြီး Xiaolangdi ရေထိန်းသိမ်းရေးအချက်အချာနေရာ၏ ရေထုတ်လွှတ်မှု ပမာဏသည် ကုဗမီတာ ၁.၈ ဘီလီယံ ကျော်မည်ဟု ခန့်မှန်းရပါသည်။