တောင်ကိုရီးယား ဝန်ကြီးချုပ်သည် ဘက်ထရီစက်ရုံ မီးလောင်မှုကြောင့် သေဆုံးသူများအား ဝမ်းနည်းကြောင်း ဖော်ပြပြီး၊ အကြောင်းရင်းကို သေချာစွာ စုံစမ်းစစ်ဆေးမည်ဟု ဆို

(GMT+08:00)2024-06-25 12:58:01  

ဒေသစံတော်ချိန် ယခုလ ၂၅ ရက်နေ့ နံနက်ပိုင်းက တောက်ကိုရီးယားနိုင်ငံ ဝန်ကြီးချုပ် Han Deok-soo သည် ပြည်တွင်းကိစ္စရေးရာ အစည်းအဝေးကို ဦးစီးကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် Han Deok-soo က ယခုလ ၂၄ ရက်နေ့က တောင်ကိုရီးယား ဘက်ထရီစက်ရုံ မီးလောင်မှုကြောင့် သေဆုံးသူများနှင့် ကျန်ရစ်သည့်မိသားစုများအား ဝမ်းနည်းကြောင်းဖော်ပြသည့်အပြင်၊ တောင်ကိုရီးယားအစိုးရအနေနှင့် သက်ဆိုင်ရာနိုင်ငံ များနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ပြီး ဒဏ်ရာရှိသူများကို ဆေးကုသကာ ၊ မတော် တဆမှု အကြောင်းရင်းကို သေချာစွာ စုံစမ်းစစ်ဆေးပြီး၊ နောက်ဆက်တွဲကိစ္စများကို အစွမ်းကုန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

တောင်ကိုရီးယား Gyeonggi ပြည်နယ် Hwaseong မြို့ တွင် ယခုလ ၂၄ ရက်နေ့က ဘက်ထရီစက်ရုံတွင် ပြင်းထန်သော မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၂၂ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိကာ ၁ ဦး ပျောက်ဆုံးနေကြောင်းသိရပါသည်။