CGTN ပြည်သူ့သဘောထား စစ်ဆေးချက် - တစ်ကမ္ဘာလုံးမှ စစ်တမ်းဖြေကြားသူ ၉၃.၁% က အမေရိကန် “အာရှပစိဖိတ်ဗားရှင်း နေတိုးအဖွဲ့” ဖန်တီးမှုကို ကန့်ကွက်ကြ

(GMT+08:00)2024-06-25 15:13:49  

“သင်ဟာ ထမင်းစားပွဲပေါ်မှာ မထိုင်နိုင်ရင် သင်ဟာ ဟင်းပွဲမီနူးထဲ ရောက်သွားပါလိမ့်မယ်” ကြီးနိုင်ငယ်ညှဉ်းဆိုသော သစ်တောအတွင်းစည်းကမ်းကို လိုက်နာသည့် အမေရိကန်သည် အာရှပစိဖိတ်ဒေသနိုင်ငံများကို “ဟင်းပွဲမီနူး”ထဲ ထည့်သွင်းနေသည်။ China Media Group CGTN က တစ်ကမ္ဘာလုံးမှ အင်တာနက်အသုံးပြုသူများ၏ ပြည်သူ့သဘောထား စစ်တမ်းကောက်ယူရာတွင် ဖြေကြားသူပေါင်း ၉၃.၁% က အာရှပစိဖိတ်ဒေသ၏လုံခြုံမှုကို အာရှပစိဖိတ်ဒေသနိုင်ငံများက နိုင်ငံရေးဆွေးနွေးမှု၊ ငြိမ်းချမ်းရေးဆွေးနွေးမှုတို့ဖြင့် ဖော်ဆောင်သင့်ပြီး အမေရိကန်က စစ်အေးတိုက်ပွဲနှင့် အတိုက်အခံ အငွေ့အသက်များ ပြည့်နေသည့်“အာရှပစိဖိတ်ဗားရှင်း နေတိုးအဖွဲ့” ဖန်တီးမှုကို ပြတ်ပြတ်သားသား ကန့်ကွက်သည်ဟု ဆိုသည်။
စစ်တမ်းကောက်ယူမှုအရ ဖြေဆိုသူပေါင်း ၉၃.၁% က နေတိုးအဖွဲ့သည် ပထဝီတည်နေရာ အကန့်အသတ်ကို ချိုးဖောက်၍ အာရှပစိဖိတ်ဒေသ လုံခြုံရေးကိစ္စရပ်များတွင် မကြာခဏပါဝင်ခြင်းကို ပြင်းထန်စွာကန့်ကွက်ပြီး ဖြေကြားသူပေါင်း ၉၁.၂% က နေတိုးအဖွဲ့သည် အရှေ့တိုင်းရှိ အာရှပစိဖိတ်ဒေသသို့ ဝင်ရောက်လာမှုအား အမေရိကန်က အင်တိုက်အားတိုက်ဖော်ဆောင်နေသောလုပ်ရပ်မှာ အလွန်သတိပြုဖွယ်ရာကောင်းကြောင်း ယူဆကြသည်။ “နေတိုးအဖွဲ့သည် စစ်ပွဲကြိုက်သောအဖွဲ့အစည်းအနေဖြင့် မဖြစ်မနေ ဖျက်သိမ်းရမည်ဖြစ်ပြီး နေတိုးအဖွဲ့သည် ဆက်လက်တည်ရှိရန် အကြောင်းပြချက် မရှိတော့ပါ” ဟု ပြောတဲ့သူများ ပင် ရှိသည်။
ထို့ပြင် ဖြေဆိုသူပေါင်း ၈၂.၈% က “Five Eyes Alliance” ၊ အမေရိကန်-ဂျပန်-အိန္ဒိယ-ဩစတြေးလျ “Quad အဖွဲ့” ၊ အမေရိကန်-ဂျပန်၊ တောင်ကိုရီးယား သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှု စသည့် ယန္တရားများသည် အပြန်အလှန် ချိတ်ဆက်ထားသည့် “အဖွဲ့အစည်းလေးများ” ပင်ဖြစ်ပြီး စစ်အေးတိုက်ပွဲနှင့် အုပ်စုဖွဲ့ အတိုက်အခံလုပ်မှုဟူသော အတွေးအခေါ်ဟောင်းများပြည့်နေသည်ဟု ဝေဖန်ကြသည်။ ဖြေဆိုသူပေါင်း ၈၆.၁% က “အာရှပစိဖိတ်ဒေသ ဗားရှင်း” နေတိုးအဖွဲ့အသစ် ဖြစ်တည်လာပါက ဒေသတွင်း အုပ်စုခွဲအတိုက်အခံလုပ်မှု ပိုမိုဆိုးရွားလာစေပြီး အာရှ ပစိဖိတ်ဒေသ မဟာဗျူဟာညီမျှမှုကို ပြင်းပြင်းထန်ထန် ထိုးနှက်ကာ အာရှပစိဖိတ်မှ ကမ္ဘာကြီးငြိမ်းချမ်းမှုအထိ ပျက်စီးစေလိမ့်မည်ကိုပင် စိုးရိမ်ရသည် ။ CGTN အင်တာနက် အသုံးပြုသူတစ်ဦးက “အမေရိကန်သည် သူတစ်ပါးနိုင်ငံအကျိုးစီးပွားကို သစ္စာဖောက်ခြင်းဖြင့် မိမိအတွက်အကျိုးစီးပွားတန်ဖိုးကို ရယူသောကြောင့် သူတစ်ပါး နိုင်ငံများ အငြင်းပွားတိုက်ခိုက်မှုကို ရန်စပေးသည့်တစ်ချိန်တည်းတွင် ကြားထဲမှ အကျိုး ကျေးဇူးများ ရယူနေသည်” ဟုပင် ကွန်မန့်ပေးခဲ့သည်။
စစ်တမ်းကောက်ယူရာတွင် ဖြေကြားသူ ၉၃.၃% က နိုင်ငံတစ်နိုင်ငံ၏လုံခြုံမှုသည် အခြား နိုင်ငံတစ်နိုင်ငံ လုံခြုံမှုကို ထိခိုက်ပျက်စီးစေခြင်းဖြင့် မဖော်ဆောင် သင့် ကြောင်း၊ လူသားများသည် ခွဲခြား၍မရသော လုံခြုံရေးအသိုက်အဝန်းဖြစ်ပြီး အာရှ ပစိဖိတ် ဒေသ လုံခြုံရေးကိစ္စရပ်မျာကို အာရှပစိဖိတ်ဒေသနိုင်ငံများက အတူတကွ ဆုံးဖြတ်ရမည် ဖြစ် ကြောင်း ယူဆကြသည်။
အဆိုပါ စစ်တမ်းကောက်ယူမှုကို CGTN အင်္ဂလိပ်ဘာသာ၊ စပိန်ဘာသာ၊ ပြင်သစ်ဘာသာ၊ အာရပ်ဘာသာနှင့် ရုရှားဘာသာစကားပလက်ဖောင်းများတွင် ထုတ်ပြန်ခဲ့ရာ ၂၄ နာရီအတွင်း အင်တာနက်အသုံးပြုသူပေါင်း ၁၀၆၈၈ ဦးက ပါဝင်မဲပေး၍ အမြင်များကို မျှဝေခဲ့သည်။